၊ မုဆိုးတယောက်သည်တနေ့နံနက်
လေးကိုယူပြီးနောက်ပါခွေးတို့နှင့်တောသို့သွား၏။
လမ်းခရီး၌ဆွမ်းခံရန်ကြွတော်မူလာသော
ရဟန်းတပါးကိုတွေ့မြင်၍ဤသူယုတ်မာကို
တွေ့မြင်ရသဖြင့်ယနေ့တစုံတရာမျှရမည်မဟုတ်
ဟုဒေါသထွက်မိ၏။
၊ မထေရ်သည်ရွာမှဆွမ်းခံပြန်လာရာလမ်းတွင်
တောမှပြန်လာပြီးသားကောင်မရ၍စိတ်ပျက်
လာသောခွေးမုဆိုးနှင့်ဆုံမိပြန်သော်ဤသူယုတ်ကို
မြင်ရသောကြောင့်တစုံတခုသောသားကောင်ကိုမျှ
မရဟုခွေးတို့ကိုလွှတ်၍ကိုက်စေ၏။မထေရ်သည်
တောင်းပန်၏။မုဆိုးသည်ခွေးတို့ကိုလွှတ်၏။
မထေရ်သည်သစ်ပင်ပေါ်သို့လျင်စွာတက်၍
ခွကြား၌ထိုင်နေ၏။ခွေးတို့သည်သစ်ပင်ကို
ဝိုင်းကုန်၏။မုဆိုးသည်မထေရ်၏ခြေဖဝါးကို
မြားသွားဖြင့်ထိုး၏။မထေရ်သည်မပြတ်တောင်းပန်၏။
မုဆိုးခွေးစာဖြစ်ခြင်း
မုဆိုးသည်ထပ်ကာထပ်ကာမြားသွားဖြင့်ထိုး၏။
မထေရ်၏ကိုယ်သည်မီးဖြင့်မြိုက်သကဲ့သို့ဖြစ်၏။
ပြင်းထန်သောဝေဒနာခံစားရသဖြင့်သတိလက်
လွတ်ဖြစ်ပြီးရုံထားသောသင်္ကန်းပျက်စီး၍
ကျွတ်ကျ၏။သင်္ကန်းသည်ကောကမုဆိုး၏
ဦးခေါင်းမှစ၍လွှမ်းခြုံပြီးကျလေ၏။ခွေးတို့သည်
မထေရ်ကျလာပြီဟူသောအမှတ်ဖြင့်သင်္ကန်း၏
အတွင်းသို့ဝင်၍မုဆိုးကိုကိုက်ခဲကြ၏။မုဆိုးသည်
သေလေ၏။မထေရ်သည်သစ်ကိုင်းခြောက်တို့ကို
ချိုး၍ခွေးတို့ကိုပစ်၏။ခွေးတို့သည်မထေရ်ကိုမြင်၍
သခင်ကိုကိုက်ခဲမိပြီဟုသိရသောကြောင့်တောသို့
ပြေးဝင်ကုန်၏။
ဘုရားသခင်ထံလျှောက်ထားခြင်း
၊ မထေရ်သည်မိမိသင်္ကန်းကြောင့်မုဆိုး
သေကြေပျက်စီးရသည်ဖြစ်၍မိမိ၌သီလစင်ကြယ်၏
မစင်ကြယ်၏ကိုသံသယဖြစ်မိ၏။ထို့ကြောင့်--
မြတ်စွာဘုရားထံသွားရောက်၍အကြောင်းစုံကို
လျှောက်ထား၏။မြတ်စွာဘုရားသခင်သည်---
" ချစ်သားရဟန်း။ ။သင်၏သီလသည်ညစ်နွမ်း
ကျိုးပေါက်ပျက်စီးခြင်းမရှိ၊ထိုမုဆိုးသည်မပြစ်မှား
ထိုက်သူအားပြစ်မှားမိ၍ပျက်စီးခြင်းသို့ရောက်ရ၏။
ထိုမုဆိုးသည်ယခုဘဝမှသာမဟုတ်သေး၊
ရှေးလွန်လေပြီးသောဘဝကလည်းဤသို့ပင်
ပျက်စီးရဖူးလေပြီ " ဟုအတိတ်ဇာတ်ကိုဟော
တော်မူ၏။။
ခွေးမုဆိုး၏အတိတ်ဇာတ်
၊ ရှေးလွန်လေပြီးသောအခါ၌ဆေးဆရာ
တယောက်သည်ဆေးကုရန်ရွာ၌လှည့်လည်သော်
ဆေးကုစရာတစုံတယောက်မျှမရခဲ့၊ရွာတံခါး၌
ကစားနေကြသောသူငယ်တို့ကိုတွေ့၍
ဤသူငယ်တို့ကိုမြွေကိုက်စေပြီးဆေးကုခ
ယူတော့မည်ဟုသစ်ခေါင်း၌ဦးခေါင်းကိုဖော်၍
အိပ်နေသောမြွေဆိုးတကောင်ကိုပြပြီးသူငယ်
တို့အားထိုဆက်ရက်ငှက်ကိုဖမ်းပါတော့လားဟု
ပြော၏။သူငယ်တယောက်သည်ဆက်ရက်ငှက်
မှတ်ထင်၍မြွေ၏လည်ပင်းကိုဆုပ်ကိုင်မိလေသော်
မြွေမှန်းသိသဖြင့်ကြောက်အားလန့်အားနှင့်
တအားလွှဲ၍ပစ်လိုက်ရာမြွေသည်ဆေးဆရာကို
ထိမှန်၍ကျောကုန်းရိုးကိုခဲအပ်သည်ဖြစ်၍
ဆေးဆရာသည်ထိုနေရာ၌သေလေ၏။
၊ မြတ်စွာဘုရားသည်အတိတ်ဇာတ်ကို
ဟောတော်မူပြီးအနုသန္ဓေကိုစပ်တော်မူ၍
တရားတော်ကိုအောက်ပါအတိုင်း
ဟောတော်မူလေသည်။
-----------------------------------------------
ဓမ္မပဒ၊ပါပဝဂ်၊ကောကသုနခလုဒ္ဒကဝတ္ထု
Sunday, December 6, 2015
သူများမကောင်းကြံကိုယ်သာခံ
Labels:
FB မှ ဓမ္မဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment