Sunday, December 6, 2015

အမြတ်တရားလေးပါး

၊ ပသေနဒီကောသလမင်းကြီးသည်ထမင်း
တခါစားလျှင်ဆန်တစိတ်ချက်မျှလောက်ကုန်၏။
ထိုဆန်တစိတ်ချက်မျှကိုအမဲဟင်းလျာဖြင့်စား၏။
(ဆန်တစိတ်နှင့်ဆိတ်တကောင်ဟူ၏)တနေ့တွင်
နံနက်စာစားပြီးလျှင်ြပီးခြင်းတမှေးမအိပ်ပဲမြတ်စွာ
ဘုရားထံသို့သွား၍ဖူးမြော်၏။မြတ်စွာဘုရားရှေ့
ရောက်လျှင်ထိုင်းထိုင်းမှိုင်းမှိုင်းနှင့်ငိုက်မျည်းလို
သောစိတ် အားကြီးလှသဖြင့်မကြည်သာမရွှင်ပြ
မိမိ၏ကိုယ်ကိုဟိုမှသည်မှပြုပြင်ပြောင်းလှည့်၍
အိပ်ချင်စိတ်ကိုပယ်ဖျောက်၏။အိပ်ချင်စိတ်သည်
ဖြေဖျောက်မရတိုးပွား၍လာသော်လည်းဘုရားရှင်
ရှေ့တွင်ရဲရဲဝံ့ဝံ့အိပ်၍မဖြစ်သောကြောင့်တိုင်ကို
မှီကပ်ခါငိုက်နေ၏။
၊ ဤသည်ကိုဘုရားသခင်မြင်တော်မူ၍-
" မြတ်သောမင်းကြီးအသို့ပေတည်း၊စားပြီး
အစာမကျေရာ၌ ထွေရာညိုးနွမ်း ပင်ပန်းသည့်
အတွက်သက်သာရာကိုမရစေပဲလာခဲ့ပေသလော"
ဟုမိန့်တော်မူ၏။ကောသလမင်းကြီးက--
"မှန်ပါ၏၊ဘုရားတပည့်တော်သည်အစာစားပြီးတိုင်း
အိပ်ချင်စိတ်ကိုဖိနှိပ်၍မရဖြစ်ရပါသည်ဘုရား"
ဟုပြန်လည်လျှောက်ထား၏။
၊ မြတ်စွာဘုရားက" အစာကိုများစွာစားခြင်းသည်
ဤသို့ဆင်းရဲခြင်းကိုဖြစ်စေသည် "ဟုမိန့်တော်မူပြီး
အစားကြီးသူတို့၏အပြစ်ကိုပြတော်မူသောဒေသနာ
ဂါထာတော်ကိုဟောကြားတော်မူသည်မှာ-
" အစားကြီးသောသူသည်ငိုက်မျည်းခြင်းဖြင့်
နှိပ်စက်၍အစာဝသောဝက်ကြီးကဲ့သို့ပင်
အိပ်မောကျခါတလူးလဲလဲအိပ်လေ့ရှိ၏။
ပညာနည်းသောထိုယောက်ျားသည်(နိဗ္ဗာန်ကို
မမြင်နိုင်ပဲ)အမိဝမ်းဗိုက်ကိုအဖန်တလဲလဲသာ
ကပ်ရောက်ရ၏။ "---
၊ ထို့နောက်တဖန်ထပ်မံ၍ဟောညွန်တော်မူသော
ဂါထာတော်မှာ-
" အမြဲတန်းသတိရှိသော ရအပ်သောအစားအစာ၏
အတိုင်းအရှည်ကိုသိသော ဆင်ခြင်တိုင်းထွာစား
သောက်တတ်သော သူတို့သည်ဝေဒနာခေါင်းပါး
ကုန်သည်ဖြစ်၏။(သက်စောင့်ဓာတ်သည်)အစာကို
တဖြည်းဖြည်းကြေကျက်ရတော့သည်သာတည်း"
တနပ်လျှင်ထမင်းတလုပ်လျော့၍စားခြင်း
၊ မင်းကြီးသည်မြတ်စွာဘုရားဟောကြားတော်
မူသောဂါထာကိုလွန်စွာသဘောကျသော်လည်း
မမှတ်မိနိုင်သဖြင့်မိမိအနီး၌ရှိသောတူတော်
သုဒဿနအား "ဤဂါထာကိုကောင်းစွာသင်ယူပါ "
ဟုပြော၏။သုဒဿနလုလင်သည်ထိုဂါထာကို
ကောင်းစွာသင်ယူရရှိ၍မြတ်စွာဘုရားအား
"ဤဂါထာဖြင့်အဘယ်သို့ပြုရပါမည်နည်း "ဟု
မေးလျှောက်၏။ဘုရားသခင်က
"မင်းကြီးပွဲတော်တည်စဉ်နောက်ဆုံးထမင်းလုပ်ကို
စားအံ့ဆဲဆဲ၌ဤဂါထာကိုရွတ်စေလော့၊ထိုအခါ
မင်းကြီးသည်ဂါထာ၏အနက်ကိုသိ၍ထိုနောက်ဆုံး
ထမင်းလုပ်ကိုပယ်ချစွန့်ပစ်လိမ့်မည်။ထိုနောက်ဆုံး
ထမင်းလုပ်မှထမင်းစေ့အရေအတွက်ကိုရေတွက်၍
စားတော်ကဲအားပွဲတော်ကိုချက်သောအခါထိုမျှ
လောက်ရှိသောဆန်စေ့တို့ကိုလျှော့၍
ချက်စေလော့ " ဟုမိန့်တော်မူ၏။သုဒဿနလည်း
ကောင်းပါပြီဟုလျှောက်ကြား၏။
၊ သုဒဿနလုလင်သည်ကောသလမင်းကြီး
ပွဲတော်တည်ချိန်အနီး၌နေပြီးနောက်ဆုံးထမင်းလုပ်
ကိုကိုင်သောအခါဤဂါထာကိုရွတ်၏။မင်းကြီးသည်
ထိုထမင်းလုပ်ကိုသတိရသဖြင့်ပစ်ချလိုက်၏။ဤသို့
နံနက်စာတကြိမ်ညစာတကြိမ်ဂါထာကိုရွတ်ဆိုရာ
မင်းကြီးသည်ကျေနပ်နှစ်သိမ့်လှ၍သုဒဿနလုလင်
ဂါထာကိုတကြိမ်ရွတ်တိုင်းရွတ်တိုင်းအသပြာ
တထောင်တထောင်ပေး၏။ဤသို့ဖြင့်ထမင်းချက်
ရာတွင်လည်းလျှော့၍လျှော့၍ချက်စေရာတဖြည်း
ဖြည်းနှင့်ဆန်တလုံးချက်သာသာမျှသာစားတော့၏
ဣရိယာပုထ်မျှတ၍လွန်စွာချမ်းသာခြင်းသို့ရောက်ပြီး
ကိုယ်အလေးချိန်ပါလျှော့ပါးလာ၏။
အကျိုးတရားအလွန်များ
၊ တနေ့သောအခါပသေနဒီကောသလ
မင်းကြီးသည်မြတ်စွာဘုရားထံသို့ရောက်၍-
" အရှင်ဘုရား-တပည့်တော်သည်ချမ်းသာခြင်းဖြစ်
ပါပြီသမင်ကိုလည်းကောင်း၊မြင်းကိုလည်းကောင်း
မှီအောင်လိုက်ဖမ်းနိုင်သည်အထိဖြစ်ရပါသည်။
၊ ရှေးအခါကတပည့်တော်သည်တူတော်
အဇာတသတ်မင်းနှင့်စစ်ထိုးခဲ့ရပါသည်။ယခုအခါ၌
ဝဇီရကုမာရီအမည်ရှိသောသမီးတော်ကိုတူတော်
အဇာတသတ်မင်းအားပေးအပ်ဆောင်နှင်း၍
စစ်ဖြစ်ပွားခဲ့ရသောကာသိကရာဇ်ရွာကိုသမီးတော်
အားလက်ဖွဲ့လိုက်ပါသည်။ထို့ကြောင့်လည်း
ရန်ငြိမ်း၍တပည့်တော်အားချမ်းသာခြင်းသာလျှင်
ဖြစ်ပါသည်။
၊ တပည့်တော်၏မင်းစဉ်မင်းဆက်အသုံးပြုသော
နန်းစဉ်ပတ္တမြားရတနာသည်နန်းတွင်း၌ပင်ယခင်
နေ့များကပျောက်ဆုံးခဲ့ပါသည်။ယခုအခါ ထို
ပတ္တမြားရတနာသည်လည်းတပည့်တော်၏
လက်တွင်းသို့ပြန်လည်ရောက်ရှိလာပါသည်။ဤ
အကြောင်းကြောင့်လည်းချမ်းသာခြင်းဖြစ်ရပါသည်။
၊ အရှင်ဘုရား၏တပည့်သာဝကတို့နှင့်ချစ်ကျွမ်း
ဝင်ခြင်းကိုရရှိလိုပါသဖြင့်တပည့်တော်သည်
အရှင်ဘုရားနှင့်ဆွေမျိုးတော်စပ်လိုသောအာသာ
ဆန္ဒမှာလည်းအရှင်မြတ်ဘုရား၏ဆွေတော်မျိုးတော်
ဖြစ်သော(သာကီဝင်မင်းမဟာနာမ၏သမီးတော်)
ဝါသဘခတ္တိယာမင်းသမီးသည်တပည့်တော်၏
နန်းတော်သို့ရောက်ရှိလာသဖြင့်တပည့်တော်သည်
ချမ်းသာခြင်းဖြစ်ရပါသည်။" ဟူ၍လျှောက်ထား၏။
မြတ်စွာဘုရားသခင်က-
" မြတ်သောမင်းကြီး-
(၁)အနာရောဂါကင်းခြင်းသည်အလွန်မြတ်သော
လာဘ်ြကီးပေတည်း။
(၂)ရသမျှပစ္စည်းဖြင့်ရောင့်ရဲနိုင်သောအဖြစ်နှင့်
တူသည့်ဥစ္စာသည်လည်းလောက၌မရှိချေ။
(၃)အကျွမ်းတဝင်ချစ်ခင်ရင်းနှီးကြသောသူတို့နှင့်
တူသည့်ဆွေမျိုးမည်သည်မရှိချေ။
(၄)နိဗ္ဗာန်နှင့်တူသောထူးမြတ်သည့်ချမ်းသာမည်
သည်မရှိချေ။ဟုမိန့်တော်မူပြီး---
အောက်ပါဂါထာကိုဟောတော်မူပါသည်။
---------------------------------------------
ဓမ္မပဒ၊သုခဝဂ်၊ပသေနဒီကောသလဝတ္ထု

No comments:

Post a Comment