၊ အနာထပိဏ်သူဌေးကြီးသည်ငါးဆယ့်လေး
ကုဋေသောအသပြာကိုသာသနာတော်၌လှူဒါန်းပြီး
ကျောင်းတော်ကိုဆောက်၍တနေ့လျှင်သုံးကြိမ်
ဘုရားရှင်အထံတော်သို့သွားရာတွင်လည်းနံနက်
စောစော၌ယာဂု၊နံနက်စာစားပြီးသွားရာ၌ထောပတ်
ဆီဦးစသောဆေးများနှင့်ညချမ်းအခါ၌ပန်းနံ့သာ
အခိုးအထုံစသည်ဖြင့်နေ့တိုင်းနေ့တိုင်းအလှူကိုပေး၍
သီလကိုစောင့်ရှောက်၏။
အနာထပိဏ်သူဌေးကြီးဆင်းရဲသွားခြင်း
၊ ဤသို့ဖြင့်အနာထပိဏ်သူဌေးကြီးသည်ဥစ္စာတို့
ကုန်ခန်းလေ၏။ကုန်သည်တို့သည်တဆယ့်ရှစ်ကုဋေ
သောကြွေးမြီတို့ကိုမပေးပဲနေကြ၏။မိဘဘိုးဘေးတို့
လက်ထက်မှမြစ်ကမ်းနား၌မြုပ်နှံထားသောတဆယ့်ရှစ်
ကုဋေမျှလောက်သောငွေတို့သည်ကမ်းပါးပြို၍
ရေထဲ၌မျောပါကြကုန်၏။အနာထပိဏ်သူဌေးကြီးက
ဤသို့ပင်ပစ္စည်းကုန်ခန်းသော်လည်းလှူဒါန်းမှုကိုကား
လက်မလျော့၊အမွန်အမြတ်ကိုမလှူနိုင်သော်လည်း
ဆန်ကွဲထမင်းကိုပင်အမွန်အမြတ်ပေးလှူ၏။
ဝေလာမသုတ်ကိုဟောကြားခြင်း
၊ ထိုအခါမြတ်စွာဘုရားက.." ဒါယကာသူဌေးကြီး။
ခေါင်းပါးသောဆန်ကွဲထမင်းကိုလှူရသည်ဟု
စိတ်မကောင်းမဖြစ်နှင့်၊စိတ်ထားမွန်မြတ်လျှင်
ဘုရားအစရှိသောသူတော်ကောင်းတို့ကား
ခေါင်းပါးယုတ်ညံ့ခြင်းမည်သည်မရှိ။စင်စစ်--
သူဌေးကြီးသည်ရှစ်ယောက်သောအရိယာပုဂ္ဂိုလ်တို့ကို
ပေးလှူရ၏။ငါဘုရားသည်ဝေလာမပုဏ္ဏားဖြစ်စဉ်၌
ဇမ္ဗူဒိပ်ကျွန်းအားလုံးကိုခုံလောက်မီးဖိုချင်းစပ်၍
အလှူကြီးကိုပေးစေခဲ့သော်လည်းသရဏဂုံသုံးပါးနှင့်
ပြည့်စုံသောသူတယောက်မျှမရှိ၊မြတ်သောအလှူခံ
ပုဂ္ဂိုလ်ကိုတွေ့ရခဲကြုံရခဲ့၏။ထို့ကြောင့်အသင်သည်
ခေါင်းပါးသောအလှူကိုပေးလှူရသည်ဟုစိတ်မကောင်း
မဖြစ်လေနှင့် " ဟုဟောကြားတော်မူ၏။
၊ သူဌေးကြီးအိမ်တံခါး၌စောင့်သောနတ်သည်
ဘုရားသခင်နှင့်သံဃာတော်တို့အိမ်သို့ကြွလာလျှင်
နေစရာမရှိအောင်ဖြစ်၏။ပြည့်စုံကြွယ်ဝသောအခါ၌
တစုံတခုမျှမပြောသာ၊ယခုမှငါ့စကားကိုနားထောင်
လိမ့်မည်ဟုသူဌေးကြီး၏အိပ်ရာခန်းသို့ဝင်၍
ကောင်းကင်၌ရပ်တည်ပြီး " သူဌေးကြီး၊သင်သည်
ရဟန်းဂေါတမသာသနာ၌များစွာသောပစ္စည်းဥစ္စာ
တို့ကိုဖရိုဖရဲပေးကမ်းစွန့်ကြဲ၍ယခုပစ္စည်းကုန်
လူပန်းဖြစ်သည့်တိုင်ရဟန်းဂေါတမကိုမစွန့်သေး၊
နှစ်ရက်သုံးရက်ကြာလျှင်ကိုယ့်အတွက်အာဟာရပင်
ရတော့မည်မဟုတ်၊ကိုယ့်အလုပ်ကိုယ်လုပ်၍ရောင်းဝယ်
ဖောက်ကားခြင်းဖြင့်ဥစ္စာကိုရှာပေဦးလော့ " ဟုဆို၏။
" အသင်နတ်။ ။ပြောစရာဤမျှသာလော၊သင်ကဲ့သို့
နတ်တရာ၊တထောင်၊တသောင်း၊တသိန်းလာ၍
ပြောသော်လည်းငါ့ကိုတုန်လှုပ်စေလိမ့်မည်မဟုတ်၊
သင်သည်မသင့်သောစကားကိုပြော၏။ငါ့အိမ်၌သင်
မနေထိုက်၊အလျင်အမြန်ထွက်ခွာသွားလေလော့ "
ဟုနှင်ထုတ်လိုက်၏။
တောင်းပန်ရာကိုရှာခြင်း
၊ သောတာပန်ပုဂ္ဂိုလ်၏စကားကိုတံခါးစောင့်နတ်သား
သည်မပယ်ရှားဝံ့၊သားသမီးတို့ကိုဆွဲ၍ထွက်ခွာသွား
ရပြီးမြို့စောင့်နတ်ထံချဉ်းကပ်၍သူဌေးကြီးကို
တောင်းပန်ပေးရန်ပြောကြား၏။မြို့စောင့်နတ်က
" သင်မတော်သောစကားကိုပြောကြားလေဘိသည်၊
ငါတောင်းပန်ခြင်းငှာမစွမ်းနိုင် "ဟုဆို၏။တဖန်--
စာတုမဟာရာဇ်နတ်မင်းကြီးတို့ထံသို့သွားပြန်၏။
နတ်မင်းကြီးတို့ကပယ်ရှားလိုက်ပြန်၏။ကလေးတို့ကို
လက်ဆွဲ၍သိကြားမင်းထံသွားပြန်၏။သိကြားမင်းက
"ငါသည်လည်းသူဌေးကြီးကိုတောင်းပန်ခြင်းငှာမစွမ်း
နိုင်၊အကြံတခုတော့ပေးမည်၊အသင်သည်သူဌေးကြီး၏
စာရင်းကိုင်အသွင်ဖန်ဆင်း၍ရအပ်သောကြွေးမြီတို့
တောင်းခံ၍ပေးလေလော့၊သမုဒ္ဒရာ၌မျောပါသွားသော
တဆယ့်ရှစ်ကုဋေသောဥစ္စာကိုမိမိတန်ခိုးဖြင့်ယူ
ဆောင်၍တိုက်ခန်း၌ပြည့်စေပါလော့၊ဤမည်သော
အရပ်၌အရှင်မရှိသောတဆယ့်ရှစ်ကုဋေသောဥစ္စာသည်
ရှိ၏။၎င်းတို့ကိုယူဆောင်၍ကျီကြတိုက်ခန်းတို့၌
ပြည့်စေလော့၊ဤသို့သောဆောင်ရွက်မှုကိုပြုပြီးမှ
သူဌေးကြီးကိုတောင်းပန်လော့ " ဟုဆို၏။
ဝန်ချတောင်းပန်ခြင်း
၊ ဤသို့အလုံးစုံသောကိစ္စတို့ကိုသိကြားမင်းမှာတိုင်း
ဆောင်ရွက်ပြီးသော်သူဌေးကြီးအားဝန်ချတောင်းပန်၏။
သူဌေးကြီးလည်းဘုရားသခင်ထံလျှောက်ဦးအံ့ဟုကြံပြီး
ခေါ်သွား၏။နတ်လည်းဘုရားသခင်ကိုဦးခေါင်းဖြင့်
ဝပ်စင်း၍ကန်တော့ဝန်ချပြီးသူဌေးကြီးကိုလည်း
တောင်းပန်ဝန်ချ၏။ဘုရားသခင်သည်တရားတော်ကို
အောက်ပါအတိုင်းဟောကြားတော်မူရာတံခါးစောင့်
နတ်သည်သောတာပတ္တိဖိုလ်သို့ရောက်လေသည်။
----------------------------------------------
ဓမ္မပဒ၊ပါပဝဂ်၊အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု
Sunday, December 6, 2015
ကောင်းမှုကံအကျိုးပေးချိန်
Labels:
FB မှ ဓမ္မဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment