Sunday, December 6, 2015

ကိုယ့်ခန္ဓာမှာချမ်းသာရှာ

၊ သောရေယျမြို့၌သောရေယျသူဌေးသားသည် သူငယ်ချင်းတစ်ယောက်နှင့်အတူအခြံအရံများနှင့်
လှည်းယာဉ်စီးလျက်ရေချိုးခြင်းငှာမြို့မှထွက်လာ၏။၊ အရှင်မဟာကစ္စည်းမထေရ်သည်သောရေယျမြို့
တွင်းသို့ဆွမ်းခံဝင်ရန် နှစ်ထပ်သင်္ကန်းကိုဝတ်ရုံ၍ နေတော်မူခိုက် သူဌေးသားသည် မထေရ်၏
ရွှေကဲ့သို့သောအဆင်းကိုမြင်၍ " ဤမထေရ်သည် ငါ၏မယားဖြစ်လျှင်ကောင်းလေစွ၊ ငါ၏မယားသည်
ဤမထေရ်၏ ကိုယ်အဆင်း ကဲ့သို့ရှိလျှင်ကောင်း လေစွ " ဟုစိတ်တွင်း၌ ကြံစည်၍ပြစ်မှားလိုက်၏၊
ထိုသို့ပြစ်မှားခိုက်တွင်ပင်သူဌေးသား၏ယောက်ျား အဖြစ်သည် ကွယ်ပျောက်၍မိန်းမလိင်သည်ပေါ်
ပေါက်လာ၏၊ သူဌေးသားသည် အလန့်တကြား ရှက်ကြောက်လှ၍ လှည်းပေါ်မှထွက်ပြေးလေ၏၊
သူဌေးသား၏ မိတ်ဆွေများသည်လိုက်လံရှာဖွေကြ သော်လည်းမတွေ့၍ မိဖတို့ကိုအကြောင်းကြား၏၊
မိခင်ဖခင်တို့သည်နေရာအနှံ့ရှာဖွေကြသော်လည်း မတွေ့သည့်အဆုံးသေသူတို့ပြုအပ်သောအလှူကို
ပြုကြကုန်၏၊ထိုသူဌေးသားသည်မိန်းမ၏အသွင် အပြင်အဝတ်အဆင်တို့ဖြင့်တက္ကသိုလ်ပြည်သို့
သွားသော လှည်းတွင်လက်စွပ်ကို ပေး၍စီးကာ သွားလေ၏။
 
၊ လှည်းသမားတို့သည် ဤမိန်းမ၏ချော့မွေ့လှပ ခြင်းကို သိမြင်ကြပြီး " ငါတို့၏သူဌေးသားနှင့်သင့်
တော်ပေ၏ " ဟုသူဌေးသားကိုပြသော် မြင်လျှင်မြင် ချင်း ချစ်ခင်နှစ်သက်ခြင်းရှိသဖြင့်အိမ်ရှင်မယား
အဖြစ်သိမ်းပိုက်လိုက်၏။ ယောက်ျားစင်စစ်မိန်းမဖြစ် ၊ ဤသောရေယျသဌေးသားသည် ရှင်မဟာ
ကစ္စည်းမထေရ်မြတ်ကိုမကြံစည်အပ်သောအကြံဖြင့် ကြံစည်ပြစ်မှားမိခြင်းကြောင့် တစ်ဘဝတည်းမှာပင်
မိန်းမအဖြစ်သို့ရောက်ရှိပြီး တက္ကသိုလ်ပြည်၌လင် သားရ၍ ခလေးနှစ်ယောက်ကိုပင် ဖွားမြင်ခဲ့သည်
ဖြစ်၏၊ ထိုသူဌေးသားသည် သောရေယျမြို့၌ဇနီး မယားရှိခဲ့သည်ဖြစ်ရာ၊ သားနှစ်ယောက်ပင်ရခဲ့၏။
ဤသို့ဖြင့် ယောက်ျားဘဝတွင်သားနှစ်ယောက် မိန်းမဘဝတွင်သားနှစ်ယောက်ရခဲ့လေသတည်း။
၊ တနေ့သော်သောရေယျပြည်မှသူငယ်ချင်းသည် တက္ကသိုလ်ပြည်သို့ရောက်လာ၏။ထိုမိန်းမသည်
သူငယ်ချင်းကိုမြင်သည်ရှိသော်အခေါ်လွှတ်စေ၍ အိမ်၌ပင်ပြုစုကျွေးမွေးပေ၏။သောရေယျပြည်သား
သူငယ်ချင်းက " ချစ်နှမ ၊ သင့်ကိုငါတို့မသိပါပဲ အဘယ့်ကြောင့် ငါတို့ကို ကြီးကျယ်ခမ်းနားစွာပြုစု
ကျွေးမွေးပေသနည်း " ဟုမေးသည်ရှိသော်၊ ထိုမိန်းမက " အသင်တို့ကိုငါသိပါသည်၊ သောရေ
ယျမြို့ကမဟုတ်ပါလော " ဟုမေး၏။ထို့နောက် မိခင်ဖခင်နှင့် ဇနီးမယားသားနှစ်ယောက်တို့၏
အမည်ကိုဖော်ပြ၍ " ဤသူတို့ ကျန်းမာစွာရှိပါသလော " ဟုမေး၏။ သူငယ်ချင်းက " ထိုသူတို့ကိုသင်သိပါသလော " ဟုမေးလျှင် " ငါ၏ မိဘ သားမယားများဖြစ်ပေသည် " ဟုဆို၏။
" ထိုသူဌေးတွင် တဦးတည်းသောသားသာရှိသည် ငါတို့နှင့်အတူ ရေချိုးဆင်းစဉ်ပျောက်ကွယ်သွား
သည်သာဖြစ်၏ " ဟုဆို၏။ ထိုမိန်းမက " ထိုနေ့က သင်နှင့်ငါရေချိုးဆင်းစဉ် အရှင်မဟာကစ္စည်းမထေရ်ကိုမြင်မိပါသလော " ဟုမေး၏။ " မြင်လိုက်ပါ၏ " ဟုပြောလျှင်၊
" ကျွန်ုပ်သည် ထိုမထေရ်ကို ငါ၏မယား ဖြစ်လေ  သော ကောင်းလေစွဟု စိတ်တွင်း၌ပြစ်မှားမိသော
တခဏ၌ ပုရိသလိင်ကွယ်ပျောက်၍ ဣတ္ထိယလိင် ပေါ်ပေါက်လာသဖြင့် ရှက်လွန်းလှ၍ ဤအရပ်သို့
ထွက်ပြေးလာခဲ့ရပါသည် " ဟုပြောပြ၏။ တောင်းပန်ဝန်ချပြစ်လွတ်ရ
၊ သူငယ်ချင်းသူဌေးသားလည်းများစွာအံ့ဩဝမ်း နည်းခြင်းဖြစ်လျက် " အသင်သည်ဝန်လေးသော
အမှုကိုပြုမိသည်။ထိုစဉ်ကငါ့ကိုသင်အဘယ့်ကြောင့် မပြောကြားသနည်း၊ အရှင်မြတ်ကိုဝန်ချတောင်းပန်
ပါ၏လော " ဟုမေး၏၊ " ဝန်ချတောင်းပန်ခြင်းမပြုရသေးပါ " ဟုဆို၏။
" အရှင်မဟာကစ္စည်းမထေရ်သည်ဤမြို့တော်၌ သီတင်းသုံးတော်မူသည်ကိုသင်သိပါသလော " ဟု
မေး၏။ "သိပါသည်၊ထိုမထေရ်ကိုဆွမ်းလုပ်ကျွေး၍ဝန်ချ
တောင်းပန်လိုပါသည် စီစဉ်ပေးပါ " ဟုဆို၏။ သူငယ်ချင်းသူဌေးသားလည်း အရှင်မဟာကစ္စည်း
မထေရ်ကိုပင့်၍ ဆွမ်းလုပ်ကျွေးစေပြီး
လျှောက်တင်သည်မှာ " အရှင်မြတ်ဘုရား၊တပည့်တော်၏သူငယ်ချင်း
ဤမိန်းမသည်တချိန်ကအရှင်မြတ်အားဤသို့သော စိတ်အကြံဖြင့်ပြစ်မှားမိလေသဖြင့်မိန်းမဘဝကို
ကူးပြောင်းသွားရပါသည်။ဤသို့ပြစ်မှားမိသည်ကို သည်းခံခွင့်လွှတ်တော်မူပါဘုရား " ဟုလျှောက်ထား
သောအခါမထေရ်မြတ်က " ထလော့၊ငါသည်းခံ၏ " ဟုဆိုသည်နှင့်တပြိုင်နက်ဣတ္ထိလိင်ကွယ်ပျောက်၍
ပုရိသလိင်သည် တမုဟုတ်ခြင်း ပေါ်ပေါက်လာပြီး ယောက်ျားအဖြစ်သို့ ပြန်၍ရရှိခဲ့လေ၏။
မထေရ်မြတ်လည်းဆွမ်းအနုမောဒနာပြုတော်မူပြီး ကြွသွားတော်မူ၏။
တရားသံဝေရခဲ့ပေ ၊ သူငယ်ချင်းနှစ်ယောက်သည်တက္ကသိုလ်ပြည်
သားသူဌေးသားကိုအကြောင်းစုံဖွင့်ဟပြောပြကြ၏၊ တက္ကသိုလ်ပြည်သားသဌေးသားက " ငါနှင့်ရသော
သားနှစ်ယောက်ကိုငါ့အထံ၌သာထားခဲ့ပါလော့ သင်ပြန်လိုသော်ပြန်နိုင်ပါ၏ " ဟုခွင့်ပြု၏။
သောရေယျသဌေးသားကဤသို့ကြံစည်၏။ " ငါသည်မကောင်းမှုစိတ်အကြံဖြင့် ဤအတ္တဘော
ဤခန္ဓာကိုယ်တခုတည်းသည် ယောက်ျားအဖြစ်နှင့် ၄င်း ၊ မိန်းမအဖြစ်နှင့်၎င်း၊ဤသို့ ခန္ဓာကိုယ်၏
ဖောက်ပြန်မှုသည်ဖြစ်ခဲ့၏။ငါသည်အိမ်၌နေ၍ အဘယ်အကျိုးရှိအံ့နည်း၊အရှင်မဟာကစ္စည်းထံ၌
ရဟန်းပြုပါတော့အံ့ " ဟုအရှင်မဟာကစ္စည်းထံ ရဟန်းပြုလေ၏၊ထိုရဟန်းအားသောရေယျမထေရ်
ဟုအမည်တွင်သည်ဖြစ်၏။ မဂ်ကိုမြင်လျှင်မခုံမင် ၊ ထိုအရှင်မြတ်၏အံ့ဖွယ်သောအကြောင်းစကားကို
လူတို့ကြားသိသည်ရှိသော်၊ " အရှင်ဘုရားမှန်ပေသလော "ဟုမေးလျှောက်၏၊
" မှန်ပေ၏ "ဟုဆိုသော် "ယောက်ျားဘဝ၌ဖြစ်သောသားနှစ်ယောက်၊
မိန်းမဘဝဖြစ်သောသားနှစ်ယောက်တို့တွင် အဘယ်သားတို့ကိုချစ်ပါသနည်း "ဟုမေးသော်၊
"ဝမ်း၌လွယ်သောသားနှစ်ယောက်ကိုပိုချစ်ပါသည်" ဟုပြော၏။လူအပေါင်းတို့သည်အထူးအဆန်း
ထိုအကြောင်းကိုသာမေး၍နေကြသည်ရှိသော် ရှက်လွန်းလှ၍လူသူမနီးတပါးတည်းသာ
နေလေတော့၏။သောရေယျမထေရ်သည် တပါးတည်းနေတော်မူရာမှမိမိ၏ခန္ဓာကိုယ်၌
ခယ ဝယ ကမ္မဋ္ဌာန်းကိုအားထုတ်လေလျှင် ပဋိသမ္ဘိဒါတို့နှင့်တကွအရဟတ္တဖိုလ်သို့
ရောက်လေ၏။ ၊ ထို့နောက်လူတို့သည်သောရေယျမထေရ်အား
" ဘယ်သားကိုပို၍ချစ်ပါသနည်း " ဟု မေးသည်ရှိ သော်၊ " ငါ့အား တစုံတခုသောဝတ္ထုအာရုံ၌ ခုံမင်
နှစ်သက်စုံမက်ချစ်ခင်ခြင်းမရှိပြီ " ဟုပြောဆို လေလျှင်ရဟန်းတို့က " သောရေယျမထေရ်သည်
ရှေ့စကားနောက်စကားမညီ၊မဟုတ်မမှန်သော စကားကိုပြောဆိုသည် " ဟုမြတ်စွာဘုရားကို
လျှောက်ထား၏။မြတ်စွာဘုရားက " ချစ်သားတို့ငါ၏သားတော်သည်ကောင်းစွာ
ဆောက်တည်အပ်သောစိတ်ဖြင့်မဂ်ကိုမြင်အပ်သော ကာလမှစ၍ဝတ္ထုအာရုံခုံမင်စွဲလန်းခြင်းမရှိသည်
မှန်ပေ၏ဤ၊မဂ်တည်းဟူသောစည်းစိမ်ချမ်းသာကို အမိသည်လည်းမပေးနိုင်၊အဖသည်လည်းမပေးနိုင်၊
အဆွေအမျိုးတို့လည်းမပေးနိုင်၊သတ္တဝါတို့၏ ကိုယ်တွင်းသဏ္ဍာန်၌ကောင်းစွာဖြစ်စေတတ်သော
စိတ်သည်သာလျှင်ပေးလေသတည်း " ဟု  မိန့်တော်မူပြီး
----------------------------------------------
၄၃။***လူနတ်နိဗ္ဗာန်သုံးတန်သောချမ်းသာကို
အမိသည်လည်းမပေးနိုင်၊
အဖသည်လည်းမပေးနိုင်
ဆွေမျိုးတို့သည်လည်းမပေးနိုင်ကုန်။
***ကောင်းစွာဆောက်တည်အပ်သော
စိတ်သည်သာလျှင်
မိဘဆွေမျိုးတို့ထက်ပိုလွန်၍
လူနတ်နိဗ္ဗာန်သုံးတန်သောချမ်းသာကို
ပေးနိုင်၏။
-----------------------------------------------
ဂါထာတော်၏အဆုံး၌များစွာကုန်သောသူ့တို့သည်
သောတာပတ္တိစသည်ထို့သို့ရောက်လေကုန်၏။
ဓမ္မပဒ၊စိတ္တဝဂ်၊သောရေယျဝတ္ထု


No comments:

Post a Comment