သာဝတ္ထိပြည်ကြီး၌မြတ်စွာဘုရားသီတင်းသုံးတော်
မူသောကာလ....
သီရိဂုတ္တသူကြွယ်နှင့်ဂရဟဒိန္နသူကြွယ်တို့သည်
များစွာရင်းနှီးချစ်ကျွမ်းဝင်လျက်
တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်ကြလေ၏။
သီရိဂုတ္တသူကြွယ်သည် မြတ်စွာဘုရား၏
တပည့်သား ဥပသကာဖြစ်၏။
ဂရဟဒိန္နသူကြွယ်ကား၊နိဂဏ္ဍတက္ကတွန်းတို့ကို
ကိုးကွယ်သူဖြစ်၏။
၊ နိဂဏ္ဍတက္ကတွန်းတို့ကဂရဟဒိန္နအား" သင်၏
သူငယ်ချင်း သီရိဂုတ္တသည် ရဟန်းဂေါတမကို
ကိုးကွယ်ခြင်းဖြင့်ဘာအကျိုးထူးတရားရမည်နည်း၊
ငါတို့ကိုကိုးကွယ်ဆည်းကပ်ရန်သင်မပြောပဲနေ၍
သာသူ့ခမျာလမ်းလွဲနေရသည်။သင်ကမိတ်ဆွေ
ကောင်းတို့ဝတ်တရားဖြင့်ငါတို့အားကိုးကွယ်ရန်
တိုက်တွန်းပါလော့"ဟုမကြာခဏပြောဆိုလေသည်။
၊ တက္ကတွန်းဆရာတို့၏စကားအရသီရိဂုတ္တအား
ရှင်ဂေါတမကို မကိုးကွယ်ပဲ ငါတို့ဆရာ နိဂဏ္ဍ
တို့ကိုသာ ကိုးကွယ်ရန် မကြာခဏဆွယ်တရား
ဟော၏။သီရိဂုတ္တသည် ဘာမျှပြန်မပြောပဲဆိတ်ဆိတ်
သာနေ၏။ ဤသို့မကြာခဏ တိုက်တွန်းပြောရဖန်
များသော်သီရိဂုတ္တက-
"သင်တို့၏ဆရာနိဂဏ္ဍတို့သည်ဘယ်တရားများကို
သိပါသနည်း " ဟုမေး၏။
" ငါ၏ဆရာတို့သည် အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်
ကာလသုံးပါးလုံးကိုသိ၏။ထိုမျှမကကိစ္စအဝဝတို့ကို
အလုံးစုံပင်ကြိုတင်သိမြင်၏ " ဟုဆို၏။
်သီရိဂုတ္တက " ထိုသို့ဆိုလျှင် နက်ဖြန်ပင်လျှင်သင့်
ဆရာတို့ကိုပင့်၍ပေးပါလော့ဆွမ်းကျွေးလိုသည် "
ဟုပြော၏။ ဂရဟဒိန္နလည်းအားရဝမ်းသာနိဂဏ္ဍတို့
ကိုပြောကြား၏။ နိဂဏ္ဍတို့ကဂရဟဒိန္နနှင့်သီရိဂုတ္တသူကြွယ်
နှစ်ယောက်သာရလျှင်ငါတို့တွင်အဘယ်ဆိုဖွယ်ရာ
ရှိတော့အံ့နည်းဟုဝမ်းမြောက်ကြကုန်၏။
--အလုံးစုံကိုသိမသိစမ်းသပ်ခြင်း--
၊ သီရိဂုတ္တ၏အိမ်သည်အလွန်လျှင်ကြီးကျယ်လှ၏။
အိမ်နှစ်လုံး၏အကြား၌နှစ်ဘက်အလျားရှည်စွာသော
တွင်းကိုတူး၍မစင်ဘင်ပုပ်ညွန်တို့ဖြင့်ပြည့်စေ၏။
တွင်းနှုတ်ခမ်းအတွင်းဘက်၌သစ်ငုတ်တို့ဖြင့်ရိုက်စေ
ပြီးကြိုးသေးသေးဖြင့်ခက်၍ထိုကြိုးဖြင့်ခြေထောက်
ကို ငြိစေပြီးဦးခေါင်းဇောက်ထိုးကျစေရန်စီစဉ်၏၊
ထိုအပေါ်မှအဝတ်ဖြူတို့ကိုခင်း၍ထား၏။
၊ ကြီးစွာသောစဥ့်အိုးကြီးတို့ကိုဆေးကြောပြီး
အတွင်း၌ ဘာမျှမထည့်ပဲ ငှက်ပျောရွက်ဖြင့်ဖုံး၍
စည်းကာ အပေါ်မှအဝတ်ဖြူနှင့်မျက်နှာဝကိုစည်း၍
ထား၏။
၊ ဂရဟဒိန္နသူကြွယ်လည်းနံနက်စောစောကပင်
ပြုပြင်စီရင်ပြီးအပ်သည်တို့ကိုကြည့်ရန်လာ၏၊
သီရိဂုတ္တ္တကလည်း ဤကားယာဂုအိုး၊ဤကားထော
ပတ်အိုး၊ ဤကားဆွမ်းအိုးစသည်ဖြင့်ညွန်ပြ၏၊
ဤတွင်နေရာတို့ကိုခင်း၍ထားသည်ဟုပြ၏၊
ဂရဟဒိန္နလည်းကောင်းလှသည်ဟုပြန်သွားပြီး
နိဂဏ္ဍတို့အားပင့်၏၊ငါးရာကုန်သောနိဂဏ္ဍတို့
ကြွလာလေလျှင်သီရိဂုတ္တ္တသည်ထိခြင်းငါးပါးဖြင့်
ရှိခိုး၍(စိတ်တွင်းမှ)(အသင်တို့သည်အတိတ်
အနာဂတ်နှင့်အလုံးစုံသောကိစ္စတို့ကိုသိမြင်နိုင်သည်
မှန်ပါက ဤအိမ်တွင်းသို့ကြွတော်မမူပါနှင့်။ဤအိမ်၌
အရှင်တို့အတွက်ဆွမ်းဟူ၍တစုံတရာမျှမရှိပါ၊
မစင်ဘင်ပုပ်အတွင်း၌ကျရောက်ခြင်းဖြစ်လတ္တံ့)
ဟုဆုတောင်း၏။
၊ နိဂဏ္ဍတို့သည်ကြွလာသည်ရှိကြသော်အိမ်ရှိ
လူများကအဝတ်ဖြူတို့ကိုမစင်တို့လိမ်းကျံခြင်းမရှိ
ရန်ဖယ်သူကဖယ်၍ " အရှင်တို့၊ကျွန်ုပ်တို့သည်
နေရာကိုပြင်ဆင်ပါကုန်အံ့၊ ဤအရပ်တွင်ရပ်တန့်
တော်မူပါ " ဟုတွင်းဝတွင်တန်းစီ၍ရပ်စေပြီးစုံလင်
လောက်မှ " တစုတဝေးတည်းကြွတော်မူပါ "ဟုဆို၏၊
နိဂဏ္ဍတို့သည်တစုတဝေးတည်းထိုင်ရန်သွားကြ
သော်အားလုံးတို့သည်မစင်တွင်းသို့ကျလေကုန်၏။
၊ သီရိဂုတ္တသူကြွယ်လည်းဝင်းတံခါးကိုပိတ်ထားစေ
၍မစင်တွင်းမှတက်၍တက်၍လာသောနိဂဏ္ဍတို့အား
" သင်တို့သည်အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်ကိုသိသည်
ဟုဆိုသည်၊ယခုအဘယ့်ကြောင့်မသိသနည်း " ဟု
ပြောဆိုကြိမ်းမောင်း၍တုတ်တို့ဖြင့်ရိုက်နှက်၏။
အိမ်တံခါးတစ်ခုကိုဖွင့်ပေးလိုက်ရာနိဂဏ္ဍတို့သည်
ထိုတံခါးမှအလုအယက်ထွက်ပြေးလေလျှင်လမ်း
ပေါ်၌တရော်ရည်အစရှိသောချွဲပြစ်သောအရာတို့
လောင်းထားသည်ဖြစ်၍တဗိုင်းဗိုင်းလဲကျကြလေ၏။
--မင်းကြီးထံတိုင်ကြားခြင်း--
၊ ဂရဟဒိန္နသူကြွယ်သည်ဤသို့ပြုမူခြင်းကိုများစွာ
အမျက်ထွက်၍မင်းနေအိမ်သို့သွားရောက်ပြီး
" ကျွန်ုပ်ကိုးကွယ်ရာအရှင်နိဂဏ္ဍတို့ကိုဤသို့ပြုမူ
ပါသည်၊သီရိဂုတ္တသူကြွယ်အားအပြစ်ဒဏ်ထား
တော်မူပါ " ဟုလျှောက်ထား၏။
၊ မင်းကြီးလည်းသီရိဂုတ္တသူကြွယ်ကိုဆင့်ခေါ်စစ်
ဆေး၏သီရိဂုတ္တသူကြွယ်က....
" အရှင်မင်းကြီးကျွန်ုပ်၏အလွန်အကျွမ်းဝင်သော
မိတ်ဆွေဖြစ်သည့်ဂရဟဒိန္နသူကြွယ်သည်အကျွန်ုပ်
အား ရှင်ကြီးဂေါတမကိုကိုးကွယ်၍အဘယ်အကျိုး
ရှိအံ့နည်း၊နိဂဏ္ဍတို့သည်အတိတ်၊အနာဂတ်ပစ္စုပ္ပန်
နှင့်တကွအလုံးစုံကိုသိစွမ်းနိုင်၏။ဟုပြောသောကြောင့်
အမှန်တကယ်သိစွမ်းနိုင်ခြင်းရှိမရှိစူးစမ်းလို၍ဤသို့
ပြုပြင်စီရင်ပါသည်၊ကြွလာခိုက်တွင်လည်းဤသို့ပင်
စိတ်တွင်းမှလျှောက်ထားခဲ့ပါသေးသည် "
ဟုဖြေကြား၏။မင်းကြီးကဂရဟဒိန္နအား....၊
" သင်သည်ဤသို့ပြောဆိုကတိပြုခဲ့သလော " ဟု
မေး၏။ " မှန်ပါ၏ " ဟုဝန်ခံလျှင်မင်းကြီးက
" သင်သည်ဤမျှမသိမလိမ္မာပညာနည်းသောသူ
တို့အား၊ငါ၏ဆရာတို့သည်အလုံးစုံကိုအကုန်သိမြင်
နိုင်၏ ဟုအဘယ့်ကြောင့်ပြောဆိုဘိသနည်း၊
မင်းဒဏ်သည်သင့်အားသာသင့်ထိုက်သတည်း "
ဟုအသပြာတစ်ထောင်ကိုမင်းဒဏ်အဖြစ်
ဂရဟဒိန္နအားသာပေးဆောင်စေ၏။
--မီးကျီးခဲတွင်းမှပဒုမ္မကြာ--
၊ သူကြွယ်နှစ်ဦးသည်တဦးနှင့်တဦးစကားမပြောပဲ
နေကြ၏။ ဂရဟဒိန္နကားအကြံနှင့်နေသူဖြစ်၍
သီရိဂုတ္တထံသွား၍ " ဆွေမျိုးသားချင်းများပင်ငြင်းခုံ
ခိုက်ရန်ဖြစ်တတ်သေးသည်၊အဘယ့်ကြောင့်စကား
မပြောပဲနေရဘိသနည်း " ဟုစတင်ကာရင်းနှီးချစ်ခင်
မှုကိုပြု၏၊နှစ်ဦးစလုံးပင်ပြန်လည်ရင်းနှီးသွားပြီးနောက်
ဂရဟဒိန္နက " သင်တို့၏ဂေါတမမြတ်စွာဘုရားကို
ဆွမ်းလုပ်ကျွေးလိုပါသည်ပင့်ပေးပါ " ဟုဆို၏၊
ဆိုတိုင်းပင်ပင့်ပေး၏။
၊ မြတ်စွာဘုရားသခင်သည်
ဆင်ခြင်တော်မူသည်ရှိသော် အိမ်နှစ်လုံးအကြား၌
ကြီးစွာသောတွင်းကြီးတူးပြီး၊လှည်းအစီးရှစ်ဆယ်တိုက်
ရှားသားထင်းတို့ဖြင့်ရှားမီးကျီးတွင်း၌ကျစေရန်
စီစဉ်ကြောင်းမြင်တော်မူ၏။
၊ ဤပွဲတွင်ရှစ်သောင်းလေးထောင်ကုန်သော
သတ္တဝါတို့အားသစ္စာလေးပါးတရားကိုသိမြင်ပြီး
အကျွတ်တရားရကုန်လတံ့ဟုမြင်တော်မူ၍ကြွသွား
ခြင်းငှာအပ်၏ဟုလက်ခံတော်မူ၏။
၊ ဆွမ်းကျွေးမည့်နေ့နံနက်စောစောတွင်သီရိဂုတ္တ
သူကြွယ်သည်ပြုပြင်စီရင်ထားသည်တို့ကိုလာရောက်
ကြည့်ရှုသော်အိုးအလွတ်များအားအဝတ်ဖြူနှင့်ပတ်၍
ဤကားယာဂုအိုးတည်း၊ဤကားထောပတ်အိုးတည်း၊
ဤကားဆွမ်းအိုးတည်းစသည်ဖြင့်ပြ၍ဘုရားရှင်ကို
သွားရောက်ပင့်စေ၏။
၊ ဆွမ်းကျွေးနေ့တွင်များစွာသောသူတို့သည်
လာရောက်ကြကုန်၏။မိစ္ဆာဒိဋ္ဌိတို့အလုံးအရင်းနှင့်
့လာရောက်ခြင်းမှာရဟန်းဂေါတမ၏ပျက်စီးခြင်းကို
ကြည့်ရှုအံ့ဟူ၍လာကြ၏၊သမ္မာဒိဋ္ဌိတို့ကား-ယနေ့
ငါတို့၏မြတ်စွာဘုရားသခင်သည်ကြီးကျယ်မြင့်မြတ်
သောတရားတော်ကိုဟောကြားလိမ့်မည်ဟုလာကြ၏၊
ဂရဟဒိန္နသူကြွယ်သည်မြတ်စွာဘုရားကိုဆီးကြို၏၊
မီးကျီးတွင်းသို့ပင့်ဆောင်၏၊မြတ်စွာဘုရားသည်
မီးကျီးတွင်း၌ခြေတော်ကိုဆန့်တန်းကာမျှနှင့်ပင်
မီးကျီးစုကိုဖောက်ခွဲပြီးလှည်းဘီးမျှပမာဏရှိသော
ပဒုမ္မာကြာပွင့်တို့သည်ထ၍ပွင့်လာကုန်၏။
မြတ်စွာဘုရားသည်ပဒုမ္မာကြာတို့ကိုနင်း၍ကြွတော်
မူလျက်ခင်းအပ်သောနေရာတွင်ထိုင်တော်မူ၏၊
ရဟန်းတို့သည်လည်းထိုအတူသာလျှင်ကြွ၍သီတင်း
သုံးတော်မူကုန်၏။ဂရဟဒိန္နလည်းများစွာအံ့သြကာ
တကိုယ်လုံးမီးမြိုက်သကဲသို့ပြင်းစွာပူလောင်၏၊
သီရိဂုတ္တထံသို့သွားပြီး....
" အဆွေတော်ငါ့ကိုကယ်ပါဦး၊ဘုရားသခင်နှင့်တကွ
သံယာတော်ငါးရာကိုလှုဒါန်းရနှ်ဆွမ်းခဲဖွယ် တစ်စုံ
တစ်ရာမျှစီစဉ်ထားသည်မရှိပါ။အရှက်တကွဲဖြစ်ပေ
တော့မည် " ဟုဆို၏။သီရိဂုတ္တသူကြွယ်က--
" အဆွေတော်သည် ငါ့အားလက်ညှိုးညွှန်၍
ဤသည်ကားနို့ဓမ်းတည်း၊ဤသည်ကားထောပတ်၊
ဤသည်ကားနို့စသည်ဖြင့်စဥ့်အိုးကြီးများကိုလက်ညှိုး
ညွှန်၍ပြခဲ့သည်မဟုတ်ပါလော " ဟုမေး၏။
၊ " လက်ညှိုးညွှန်၍ပြခဲ့သည်ကားမှန်၏။ဤအိုးကြီး
တို့အတွင်း၌ဘာမျှမရှိပါ " ဟုဆို၏။
၊ " သီရိဂုတ္တကအဆွေ၊သင်ညွှန်ခဲ့သောအိုးတို့ကို
ဖွင့်၍ကြည့်လေလော့ " ဟုဆို၏။ဂရဟဒိန္နလည်း
မယုံမရဲဖြင့်ဘာမျှမရှိသောအိုးတို့ကို ဖွင့်၍ကြည့်ရာ
အစဉ်အတိုင်းဆွမ်းခဲဖွယ်တို့သည်ပြည့်လျက်ရှိသည်
ကိုတွေ့ရ၏။ဂရဟဒိန္နာလည်းဝမ်းမြောက်ရွှင်လန်း
ပီတိလျှမ်း၍မြတ်စွာဘုရားသခင်နှင့်တကွသံဃာတော်
တို့ကိုသဒ္ဓါကြည်ညိုစွာ ပြုစုလုပ်ကျွေးလေ၏။
ဆွမ်းကိစ္စပြီးသော် မြတ်စွာဘုရားသခင်သည်အနု
မောဒနာပြုလို၍အောက်ပါဂါထာကိုဟောတော်မူ၏။
---------------------------------------------
(၅၈) ခရီးလမ်းမတွင် စွန့်ပစ်ထားသောအမှိုက်ပုံ၌
မွှေးကြိုင်သင်းထုံ၍နှစ်သက်စဖွယ်ရှိသော
ပဒုမ္မာကြာပန်းသည်ပေါက်နေသကဲ့သို့
(၅၉)အမှိုက်ပုံသဖွယ်ဖြစ်သောသတ္တဝါတို့၏အလယ်၌
ဘုရားရှင်၏တပည့်ဖြစ်သောသူသည်
အကန်းသဖွယ်ဖြစ်သောပုထုဇဉ်တို့ထက်
သီလ၊သမာဓိ၊ပညာဖြင့်သာလွန်တင့်တယ်ပါ၏။
----------------------------------------------
၊ ဒေသနာတော်အဆုံးတွင် ရှစ်သောင်းလေးထောင်
သောသတ္တဝါတို့သည်၎င်း၊
ဂရဟဒိန္နနှင့်သီရိဂုတ္တသူကြွယ်တို့သည်၎င်း
သောတာပတ္တိဖိုလ်သို့ ရောက်ကြကုန်၏။
----------------------------------------------
ဓမ္မပဒ၊ပုပ္ဖဝဂ်၊ဂရဟဒိန္နာဝတ္ထု
Sunday, December 6, 2015
မီးကျီးတွင်းမှပဒုမ္မာကြာ
Labels:
FB မှ ဓမ္မဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment