Sunday, December 6, 2015

ပညာအရာဧတဒဂ်ရသောဘိက္ခူနီ

၊ မဒ္ဒတိုင်းသာဂလပြည်မင်းမျိုး၌ဖြစ်သောခေမာဟု
အမည်တွင်သူ အမျိုးသမီးငယ်သည်ရုပ်ရည်အဆင်း
အလွန်လှပတင့်တယ်၏။သူသည်အရွယ်ရောက်သော
အခါဗိမ္ဗိသာရမင်းကြီး၏မိဖုရားဖြစ်၏။ရုပ်အဆင်း
လှပသောကြောင့်လှပခြင်း၌မာန်ယစ်၏၊ထို့ကြောင့်
သူသည်မြတ်စွာဘုရားထံမှောက်သို့တစ်ခေါက်မှ
မရောက်ချေ။ အကြောင်းကား မြတ်စွာဘုရားသည်
ရုပ်အဆင်း၌ အပြစ်ပြ၍ ဆုံးမသည်ဟု ကြားသော
ကြောင့်ဖြစ်၏။ ထို့ကြောင့်--
၊ ဗိမ္ဗိသာရမင်းကြီးကစဉ်းစားသည်မှာ--
" ငါသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဒါယကာ
ဖြစ်၏။ ၊ငါကဲသို့သော အရိယာတပည့်၏အဂ္ဂမဟေ
သီသည်မြတ်စွာဘုရား၏ထံမှောက်သို့မရောက်
သည်မှာမသင့်ချေ။ "
၊ ထို့နောက်သူသည်အလှမက်သောမိဖုရားအား
အလှဖြင့် ဆွဲဆောင်ခေါ်ယူရန် စဉ်းစားပြီးကဗျာဆရာ
တို့နှင့်တိုင်ပင်၏၊ကဗျာဆရာတို့သည် ဘုရားရှင်
သီတင်းသုံးတော်မူရာဝေဠုဝန်ကျောင်းကဗျာကိုဖွဲ့
ဆိုပေးကုန်၏။ရာဇဂြိုလ်ပြည်သူတို့သည်ဝေဠုဝန်
ကဗျာကို မြတ်နိုးစွာသီဆိုကြ၏။ကဗျာ၏ဆွဲဆောင်
မှုကြောင့် ခေမာမိဘုရားသည် ဝေဠုဝန်ကို
သွားလိုသဖြင့် မင်းကြီးထံပန်ကြား၏။
" အရှင်မင်းကြီး၊ကျွန်ုပ်ဝေဠုဝန်သို့သွားလိုပါသည်"
" အဘယ်မိဘုရား၊သွားလိုကသွားပါဘိ၊လွန်စွာမွေ့
လျော်ဖွယ်ကောင်းပါသည်၊ဘုရားသခင်ကိုလည်း
ဖူးမြင်ခဲ့ပါလော့ "
၊ မိဘုရားသည် မင်းကြီး၏စကားကိုတစ်စုံတစ်ရာ
ပြန်ကြားဝန်ခံခြင်းမပြုဘဲထွက်လာခဲ့၏။ထို့နောက်
အခြံအရံများနှင့် ဥယျာဉ်သို့သွား၏။ တစ်နေ့လုံး
ဥယျာဉ်အတွင်းဝယ်လှည့်လည်ပျော်ပါးကစားနေ၏။
ညချမ်းအခါရောက်မှပြန်ရန်ပြင်ဆင်၏။ထိုအခါသူ၏
အခြံအရံအစောင့်အရှောက်တို့သည်မင်းကြီး၏အမိန့်
ကြောင့်သူ့ကိုမြတ်စွာဘုရားထံခေါ်ဆောင်သွားကြ၏။
၊ ထိုအခါမြတ်စွာဘုရားအပါးတွင် လွန်စွာချော
မောသော လုံမပျိုတစ်ယောက်ယပ်ခပ်ကာနေ၏။
ခေမာမိဘုရားသည် ထိုသတို့သမီးကိုတွေ့မြင်ရ
သောအခါ အံ့သြသွား၏။-
" မြတ်စွာဘုရားအပါး၌ ဤမျှလှသော နတ်ကညာ
ပင် ခစားနေဘိသည်၊ငါသည်သူ၏ခြေရင်းအလုပ်
အကျွေးပင်ဖြစ်ရန်မထိုက်တန်ချေ။ "
၊ ခေမာမိဘုရား၏မျက်လုံးတို့သည်ထိုအမျိုးသမီး
၏အလှကိုငေးမောကြည့်ရှုနေ၏။ကြည့်နေစဉ်ပင်
အလှမယ်၏အရွယ်သည်တဖြည်းဖြည်းပြောင်းလဲ
သွား၏။ပထမအရွယ်ကိုလွန်၍မဇ္ဈိမအရွယ်၌တည်၏။
တစ်ဖန်ပစ္ဆိမအရွယ်သို့ပြောင်းလဲပြီးအရေများတွန့်
သွား၏။ဆံပင်တွေဖြူဖွေးပြီးသွားများကြွေကျကုန်၏။
ထို့နောက်ယပ်ဝန်းနှင့်အတူလဲကျသွား၏။ထိုအခါ
မြတ်စွာဘုရားသည်သူ့ကိုနှုတ်ဆက်တော်မူ၏။
"ခေမာ၊ထို့ကြောင့်ဤခန္ဓာကိုယ်ကိုမတင့်တယ်သော
အသုဘဟူ၍ စိတ်ကိုပွါးစေလော့၊
တစ်ခုတည်းသောအာရုံ ရှိသော ၊
ကောင်းစွာတည်ကြည်သော စိတ်ကိုပွါးစေလော့၊
သင်၏သတိသည်ဆံပင်၊မွှေးညှင်းစသောကာယ
ဂတာ၌သာလေ့လာလော့၊များစွာငြီးငွေ့ပါလော့၊
ဤအတူ-------
ငါလည်းဖေါက်ပြန်လိမ့်မည်ဟုနှလုံးသွင်းလော့ ။
အတွင်းအပကိုယ်ကာယ၌နှစ်သက်ခြင်း-
တဏှာကင်းစေလော့၊အနိစ္စကိုပွါးလော့၊
ကိုယ်တွင်း၌ကိန်းအောင်းသောမာနကိုစွန့်လော့
ထိုမာနကိုစွန့်ခြင်းကြောင့်ငြိမ်းအေး၍
လှည့်လည်ရမည်။--ခေမာ--
ပင့်ကူသည် မိမိပြုလုပ်သောကွန်ယက်အမျှင်ကို
အစဉ်တစိုက်လိုက်သကဲ့သို့--
ရာဂရမ္မက်ဖြင့်နှစ်သက်တပ်ငြိကုန်သောလူတို့သည်
မိမိပြုလုပ်အပ်သောရာဂအယဉ်သို့အစဉ်တစိုက်
လိုက်ရကုန်၏။ယင်းအယဉ်ကိုလည်းဖြတ်၍
မငဲ့ကွက်သည်ဖြစ်၍ ကာမဂုဏ်ချမ်းသာကိုပယ်၍
ကျင့်ရာ၏။ "
၊ ထိုအခါခေမာမိဘုရားသည်ယုံမှားခြင်းကင်းကွာ
လျက် သောတာပတ္တိမဂ်မှစ၍အစဉ်အတိုင်းအားဖြင့်
အရဟတ္တဖိုလ်သို့ရောက်လေ၏။ထိုအခါမြတ်စွာ
ဘုရားအားစိတ်ဖြင့်ပြစ်မှားမိသောအပြစ်ကိုတောင်း
ပန်ကန်တော့၏။
၊ ခေမာသည်မြတ်စွာဘုရားအားကန်တော့ပြီးလျှင်
နန်းတော်သို့ပြန်၏။သူသည်ခါတိုင်းလိုမင်းကြီးကို
ရှိခိုးခြင်းမပြုချေ။ငြိမ်သက်စွာထိုင်လျက်တစ်စုံတစ်ရာ
ပန်ကြားမည့်အသွင်ကိုဆောင်၏။မင်းကြီးသည်
သူ၏ပုံသွင်ကိုမြင်ကာမျှဖြင့်သိပြီးဖြစ်၏။
" အဘယ်မိဘုရား၊ဘုရားသခင်ကိုဖူးမြင်ခဲ့ပါသလော"
" မင်းကြီး၊သင်တို့၏ဘုရားသခင်ကိုဖူးမြင်ရခြင်းမှာ
သေးငယ်ပါသည်။ကျွန်ုပ်၏ဖူးမြင်ရခြင်းမှာအလွန်
(အကျိုး)ကြီးမားလှပါသည်။ယနေ့ပင်ကျွန်ုပ်ရဟန်း
ပြုချင်ပါသည်။ "
၊ မင်းကြီးလည်းအားရဝမ်းသာစွာ ရတနာအတိပြီး
သော ရွှေထမ်းစင်ဖြင့်ဆောင်စေ၍တစ်ထောင်မျှ
လောက်သောဘိက္ခူနီတို့ထံ၌ ရဟန်းပြုပေး၏။
နောင်အခါ၌မြတ်စွာဘုရားသည်လူ့အဖြစ်ကပင်
ရဟန္တာဖြစ်သောခေမာထေရီအားမဟာပညာအရာ၌
ဧတဒဂ်ထားတော်မူ၏။

No comments:

Post a Comment