၊ ကောရဗျမင်းသည် ဥယျာဉ်ရှုခင်းကို ကြည့်ရှု
ရန်ထွက်လိုသောကြောင့် မိဂဝမည်သော ဥယျာဉ်
မှူးကိုခေါ်၍ မိဂစိရ ဥယျာဉ်မြေကိုပြုပြင်ထားရန်
ညွှန်ကြား၏။ ဥယျာဉ်မှူးသည် ဥယျာဉ်ကို ရှင်းလင်း
သုတ်သင်စဉ် သစ်ပင်တစ်ပင်အောက်၌ ထိုင်နေ
သော ရှင်ရဋ္ဌပါလကို တွေ့မြင်၍ ကောရဗျမင်းအား
" အရှင်မင်းမြတ် မကြာခဏတမ်းတပြောဆိုနေသော
ရဋ္ဌပါလအမျိုးကောင်းသားသည် ဥယျာဉ်တွင်းရှိ
သစ်ပင်တစ်ပင်အောက်၌ ထိုင်နေပါသည် " ဟု
လျှောက်တင်လေသည်။ ထိုစကားကို ကြားလျှင်
ကောရဗျမင်းကြီးသည် ဥယျာဉ်မြေကို လှည့်လည်
ကြည့်ရူခြင်း မပြုတော့ဘဲ ရှင်ရဋ္ဌပါလထံသို့သာ
တန်း၍သွားလေသည်။ ရှင်ရဋ္ဌပါလထံသို့ရောက်
သောအခါဝမ်းမြောက်ဖွယ် စကားများကို ပြောဆိုပြီး
သင့်လျော်သောနေရာ၌ထိုင်လျက်မေးခွန်းတစ်ခုကို
မေးလျှောက်လေသည်။
--ပျက်စီးခြင်းလေးပါး---
၊ " အရှင်ရဋ္ဌပါလ၊ ဤလောက၌လူ့ဘောင်မှထွက်
၍ရဟန်းဘောင်သို့ဝင်ရောက်ခြင်း၏ အကြောင်း
ဖြစ်သော ပျက်စီးခြင်းတို့သည် အိုခြင်းဟူသော
ပျက်စီးခြင်း၊နာခြင်းဟူသောပျက်စီးခြင်း၊စည်းစိမ်
ပျက်စီးခြင်း၊ဆွေမျိုးပျက်စီးခြင်းဟူ၍လေးပါးရှိပါသည်။
ထိုလေးပါးသော ပျက်စီးခြင်းတို့တွင်တစ်ပါးမျှပင်
ရှင်ရဋ္ဌပါလအားမရှိပါ။ သို့ပါလျက်ရှင်ရဋ္ဌပါလသည်
မည်သို့သော အကျိုးထူးကိုမြော်မင်ကာ ရဟန်း
ဘောင်သို့ဝင်ရောက်ပါသနည်း၊"
--တရားညွှန်းလေးပါး---
" မင်းမြတ်၊သိတော်မူမြင်တော်မူသောဘုရားရှင်သည်
ဟောကြားအပ်သောတရားညွှန်းလေးပါးရှိသည်။ "
ငါသည် ထိုတရားညွှန်းလေးပါးကိုသိမြင်၍လူ့ဘောင်
မှထွက်ကာ ရဟန်းပြုခဲ့ခြင်းဖြစ်၏။ထိုတရားတို့ကား--
(၁) လူအပေါင်းတို့သည်အိုခြင်းသေခြင်းတို့၏ဆွဲငင်
ခြင်းကို ခံနေရသောကြောင့် အမြဲမတည်ဟူသော
ပထမတရားညွှန်း
(၂)လူအပေါင်းသည် ခိုကိုးရာမရှိ၊အားထားရာမရှိ
ဟူသော ဒုတိယတရားညွှန်း
(၃)လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာမရှိ၊ပစ္စည်းအား
လုံးကိုစွန့်ခွာ၍ သွားရမည်သာဖြစ်၏ဟူသော
တတိယတရားညွှန်း
(၄)လူအပေါင်းသည် အလိုမပြည့်နိုင်၊အမြဲယုတ်လျော့
နေသည်သာဖြစ်၏။ရောင့်ရဲခြင်းမရှိ၊တဏှာ၏ ကျေး
ကျွန်ဖြစ်၏ဟူသောစတုတ္ထတရားညွှန်းတို့ဖြစ်၏။ "
--အမြဲမတည်--
" အရှင်ရဋ္ဌပါလ၊(လူအပေါင်းတို့သည်အိုခြင်း၊သေ
ခြင်း၊တို့၏ ဆွဲငင်မှုကို ခံနေရသောကြောင့် အမြဲ
မတည် ) ဟု အရှင်ဆိုခဲ့ပါ၏။ ထိုစကား၏အနက်
သဘောကိုမည်သို့မှတ်ရပါမည်နည်း "
" မင်းမြတ်၊သင်သည်အသက်နှစ်ဆယ်အစိတ်
အရွယ်က ဆင်စီးအတတ်၊မြင်းစီးအတတ်၊ဓါးလှံ
လေးမြားအတတ်တို့၌ ကျွမ်းကျင်လျက် ခြေအား
လက်အားနှင့်ပြည့်စုံကာ စစ်မြေပြင်၌လှည့်လည်နိုင်
သောကိုယ်စွမ်းရည်ရှိခဲ့သည်မဟုတ်ပါလော "
" အရှင်ရဋ္ဌပါလ၊ကျွန်ုပ်သည်အသက်နှစ်ဆယ်အစိတ်
အရွယ်က ထိုကဲ့သို့သောကိုယ်စွမ်းရည်ရှိခဲ့ပါသည်။
တခါတရံမိမိကိုယ်မိမိ တန်ခိုးရှင်တစ်ဦးကဲ့သို့ ထင်
မှတ်ခဲ့ပါသည် "
" မင်းမြတ်၊ယခုအခါသင်သည် ထိုကဲ့သို့သော ကိုယ်
စွမ်းရည်ရှိပါသေးသလော "
" အရှင်ရဋ္ဌပါလ၊ကျွန်ုပ်သည်ယခုအခါ ထိုကဲ့သို့သော
ကိုယ်စွမ်းရည်မရှိတော့ပါ၊အသက်ရှစ်ဆယ်ရှိ၍ပစ္ဆိမ
အရွယ်သို့ရောက်ပြီဖြစ်သောကြောင့်တခါတရံခြေ
လှမ်းကိုပင်မှန်အောင်မလှမ်းနိုင်တော့ပါ "
" မင်းကြီး၊သိတော်မူမြင်တော်မူသောဘုရားရှင်သည်
ဤအနက်သဘောကိုရည်ရွယ်၍ (လူအပေါင်းတို့သည်
အိုခြင်း၊သေခြင်းတို့၏ဆွဲငင်မှုကိုခံနေရသောကြောင့်
အမြဲမတည်)ဟုဟောကြားခဲ့ခြင်းဖြစ်၏။ငါသည်လည်း
ဤအနက်သဘောကိုသိမြင်၍ရဟန်းပြုခဲ့ခြင်းဖြစ်၏။ "
---အားထားရာမရှိ---
" အရှင်ရဋ္ဌပါလ၊ မြတ်စွာဘုရားဟောကြားအပ်သော
ဤစကားသည်မှန်ကန်လှပါသည်။သို့သော်ကျွန်ုပ်တို့
မင်းမျိုး၌ဘေးရန်ကိုကာကွယ်ရန် ဆင်၊မြင်း၊ရထား၊
ခြေလျင်တပ်များရှိပါသည်။(လူအပေါင်းတို့သည်
ခိုကိုးရာမရှိ၊အားထားရာမရှိ)ဟူသောစကား၏အနက်
သဘောကိုမည်သို့မှတ်ရပါမည်နည်း "
" မင်းကြီး၊သင်မင်းကြီးအားမခံသာအောင်နာကျင်
သော အနာတစ်စုံတစ်ခုဖြစ်ဖူးပါသလော "
" အရှင်ရဋ္ဌပါလ၊ဖြစ်ဖူးပါသည်။တခါကကျွန်ုပ် သေ
တော့မည်ထင်၍ ဆွေမျိုးသားချင်းများသည် ကျွန်ုပ်
၏ဘေး၌ဝန်းရံနေခဲ့ကြပါသည်။ "
" မင်းကြီး၊သင်သည်ထိုအချိန်က မိမိခံစားနေရသော
ဝေဒနာကို ဆွေမျိုးသားချင်းတို့အား ခွဲဝေခံစားစေ
နိုင်ခဲ့ပါသလော "
" အရှင်ရဋ္ဌပါလ၊ဤကဲ့သို့ခွဲဝေခံစားစေရန်မဖြစ်နိုင်ပါ
ကျွန်ုပ်၏ ဝေဒနာကို ကျွန်ုပ်တစ်ဦးတည်းသာ ခံစား
ခဲ့ရပါသည်။ "
" မင်းမြတ်၊သိတော်မူမြင်တော်မူသောဘုရားရှင်သည်
ဤအနက်သဘောကိုရည်ရွယ်၍ (လူအပေါင်းသည်
ခိုကိုးရာမရှိ၊အားထားရာမရှိ ) ဟု ဟောကြားခဲ့ခြင်း
ဖြစ်ပါသည်။ငါသည်လည်းဤအနက်သဘောကိုသိ
မြင်၍ရဟန်းပြုခဲ့ခြင်းဖြစ်၏။ "
--ကိုယ်ပိုင်ဥစ္စာမရှိ----
" အရှင်ရဋ္ဌပါလ၊မြတ်စွာဘုရားဟောကြားအပ်သော
ဤစကားသည် မှန်ကန်လှပါသည်။သို့သော်ကျွန်ုပ်
တို့မင်းမျိုး၌ မြေကြီးတွင်မြှုပ်ထားသောဥစ္စာသည်
၎င်း၊ မမြှုပ်ပဲထားသောဥစ္စာသည်၎င်းမြောက်များစွာ
ရှိပါ၏။ ( လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာမရှိ )
ဆိုသောစကား၏ အနက်သဘောကို မည်သို့
မှတ်သား ရပါမည်နည်း "
" မင်းကြီး၊သင်သည်ယခုဘဝ၌ ကာမဂုဏ်ငါးပါးဖြင့်
ပြည့်စုံစွာခံစားနေရသကဲ့သို့ ထို့အတူတမလွန်ဘဝ
၌လည်းခံစားရလိမ့်မည်ဟုဆိုနိုင်ပါသလော "
" အရှင်ရဋ္ဌပါလ၊ကျွန်ုပ်သည်ယခုဘဝ၌ ကာမဂုဏ်
ငါးပါးဖြင့်ပြည့်စုံစွာ ခံစားနေရသကဲ့သို့ ထိုအတူတမ
လွန်ဘဝ၌လည်း ခံစားရလိမ့်မည်ဟုမဆိုနိုင်ပါ။စင်စစ်
ဤစည်းစိမ်တို့ကို တပါးသူများကခံစားပြီးကျွန်ုပ်မှာမူ
ကံအားလျော်စွာသာ လားရမည်ဖြစ်ပါသည်။ "
" မင်းကြီး၊သိတော်မူမြင်တော်မူသောဘုရားရှင်သည်
ဤအနက်သဘောကိုရည်ရွယ်၍ ( လူအပေါင်းသည်
ကိုယ်ပိုင်ဥစ္စာမရှိ ) ဟု ဟောကြားခဲ့ခြင်းဖြစ်၏။
ငါသည်လည်း ဤအနက်သဘောကိုသိမြင်၍
ရဟန်းပြုခဲ့ခြင်းဖြစ်၏။ "
---အလိုမပြည့်နိုင်---
" အရှင်ရဋ္ဌပါလ၊မြတ်စွာဘုရားဟောကြားအပ်သော
ဤစကားသည်မှန်ကန်လှပါသည်။သို့သော်--
( လူအပေါင်းသည် အလိုမပြည့်နိုင်၊အမြဲယုတ်လျော့
နေသည်သာဖြစ်၏။ရောင့်ရဲခြင်းမရှိ၊တဏှာ၏ကျေး
ကျွန်ဖြစ်၏ ) ဟုဆိုသောစကား၏အနက်သဘောကို
မည်သို့မှတ်ရပါမည်နည်း "
"မင်းကြီး၊သင်သည်စည်ပင်ဝပြောသော ကုရုတိုင်း
တစ်တိုင်းလုံးကိုအုပ်စိုးနေသည်မဟုတ်လော "
" မှန်ပါသည်အရှင်ရဋ္ဌပါလ "
" မင်းကြီး၊အရှေ့အရပ်မှယုံကြည်လောက်သော လူ
တစ်ယောက်ရောက်လာပြီးထိုအရပ်၌စည်ပင်ဝပြော
၍စစ်သည်ဗိုလ်ပါအနည်းငယ်ဖြင့်သိမ်းပိုက်နိုင်သော
ပြည်နယ်တစ်ခုရှိကြောင်းသင့်အားပြောကြားခဲ့သော်
သင်မည်သို့ပြုလုပ်မည်နည်း။ "
"အရှင်ရဋ္ဌပါလ၊ကျွန်ုပ်သည်ထိုပြည်နယ်ကိုသိမ်းယူ
အုပ်စိုးမည်သာဖြစ်ပါ၏။ "
(အနောက်အရပ်၊တောင်အရပ်၊မြောက်အရပ်တို့၌
ရှိသောပြည်နယ်များကိုမေးသောအခါလည်းထို့အတူ
သိမ်းယူအုပ်စိုးမည်ဖြစ်ကြောင်းဖြေကြား၏။)
" မင်းကြီး၊သိတော်မူမြင်တော်မူသောဘုရားရှင်သည်
ဤအနက်သဘောကိုရည်ရွယ်၍ (လူအပေါင်းသည်
အလိုမပြည့်နိုင်၊အမြဲယုတ်လျော့နေသည်သာဖြစ်၏။
ရောင့်ရဲခြင်းမရှိ၊တဏှာ၏ကျေးကျွန်ဖြစ်၏။ )ဟု
ဟောကြားခြင်းဖြစ်၏။ငါသည်လည်း ဤအနက်
သဘောကိုသိမြင်၍ ရဟန်းပြုခဲ့ခြင်းဖြစ်၏။ "
" အရှင်ရဋ္ဌပါလ၊ မြတ်စွာဘုရားဟောကြားအပ်သော
ဤစကားသည်မှန်ကန်လှပါ၏။ "
၊ ဤသို့ဖြင့်ကောရဗျမင်းကြီးသည် ရှင်ရဋ္ဌပါလ
မိန့်ကြားသော စကားအားလုံးကို အကြွင်းမရှိ
ဝန်ခံရလေသည်။-
--------------------------------------------
မဇ္ဈိမနိကာယ်၊ရဋ္ဌပါလသုတ်
Sunday, December 6, 2015
ရဋ္ဌပါလသုတ်(ဒုတိယပိုင်း)
Labels:
FB မှ ဓမ္မဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment