Sunday, December 6, 2015

Dignity ကို အခြေခံတဲ့ Right

                            မန္တလေးမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်
                         
                         ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းဖွင့်ပွဲနှင့်

            ကျောင်းသားသစ်လက်ခံကြိုဆိုပွဲ၊ ဗုဒ္ဓဒီပလိုမာအောင်လက်မှတ်

                                ဆက်ကပ်ပွဲ၌ မိန့်ကြားအပ်သော

                                    ပါမောက္ခချုပ်ဆရာတော်

                                ဒေါက်တာနန္ဒမာလာဘိဝံသ၏

                                           သြ၀ါဒကထာ

             မန္တလေးမြို့၊ မန္တလေးတောင်ခြေ၊ အောင်မြေသာဇံမြို့နယ်၊ သီတဂူဗုဒ္ဓတက္က
သိုလ်၊ ၁၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ် လက်ခံကြိုဆိုပွဲ
နှင့် ဗုဒ္ဓဓမ္မဒီပလိုမာ အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနား သုံးရပ်ပေါင်းစပ်ကျင်း
ပတဲ့ အခမ်းအနား၌ ပြောကြားအပ်သော Welcoming Speech ပေါ့ ကြိုဆိုလက်ခံ
ကြောင်း.....။
             အခုဒီနေ့ မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ၀င်ခွင့်
ရသော ကျောင်းသားသစ်းများ၊ ဆက်လက်တက်ကြမယ့် ကျောင်းသားများ၊ အားလုံးကို
လှိုက်လှဲစွာ ပျူ  ငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သပါတယ်။ ယခုလို ကောင်းမြတ်တဲ့ မင်္ဂလာ
အချိန်မှာ ဆုံဆည်းရခြင်းဟာ တကယ့်ကို မင်္ဂလာတစ်ပါးပဲလို့ စိတ်ထဲမှာ ခံယူမှတ်သား
မိပါတယ်။ကျောင်းသားသစ်များအနေနဲ့က မိမိတို့ဘ၀ခရီး လျှောက်လှမ်းတဲ့အခါ ဒီတက္က
သိုလ်က ပေးအပ်မည့်ပညာရပ်တွေနဲ့၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကိုအခြေခံထား
တဲ့ ပညာရပ်တွေနဲ့ မိမိတို့ဘ၀ခရီးကို လျှောက်လှမ်းကြရမှာဖြစ်လို့ ရည်ရွယ်ချက် ကြီး
ကြီးမားမားထားကြဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမဆိုတာ ပိဋကတ်တော်
ထဲမှာ အထင်အရှားရှိပြိးတော့ ဒီကနေ့ မြန်မာနိုင်ငံမှာ လူသားတွေရဲ့နှလုံးသားမှာ ရှင်
သန်နေတဲ့ ဗုဒ္ဓရဲ့အဆုံးအမကို မိမိတို့သိရှိနားလည်ပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို မိမိတို့ရဲ့
နှလုံးသားထဲအစ အများရဲ့နှလုံးသားမှာ ရှင်သန်နေတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်
နာကျင့်သုံးနိုင်ကြမှသာ အားလုံးဟာ စိတ်နှလုံးအေးချမ်းမှုဆိုတာ ရရှိပြိးတော့ လောက
ဓံတွေကို ခံနိုင်ရည် ရှိကြမှာဖြစ်တယ်။ ဗုဒ္ဓရဲ့ အဆုံးအမလောက်ကောင်းတဲ့ အဆုံးအမ
မျိုးဆိုတာ ကမ္ဘာမှာ မရှိဘူး။
             ဒါကြောင့်မို့ တို့တတွေဟာ ဒီနေ့ မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်မှာ သင်ကြားပြ
သမဲ့ ဗုဒ္ဓအဆုံးအမတွေကို သင်ယူခွင့်ရကြတော့မှာမို့ အင်မတန်ကောင်းမြတ်တဲ့ အခွင့်
အရေးကိုရတယ်လို့ စိတ်ထဲမှာ နှလုံးသွင်းကြရမှာ ဖြစ်တယ်။ သင်ကြားပို့ချတဲ့ ဘာသာ
ရပ်တွေကို အလေးအနက်ထားကာ လေ့လာသင်ယူဖို့ အင်မတန်မှ အရေးကြီးပါတယ်။
မှာကြားလိုတာကတော့ တခြားမဟုတ်ပါဘူး။ အခုလို တက္ကသိုလ်တစ်ခုကို မိမိတို့အရည်
အချင်းအရ တက်ရောက်သင်ယူခွင့် ရတယ်ဆိုတဲ့ အခွင့်အရေးကို မှန်ကန်စွာအသုံးချ
ပြီးတော့ မိမိတို့ရဲ့ သန္တာန်မှာ ပညာအရည်အချင်းတွေရအောင် ကြိုးစားရမှာ ဖြစ်တယ်။
ယနေ့ခေတ်လူတွေက Human Tight ဆိုပြီးတော့ Right ကိုပဲတောင်းဆိုနေကြတယ်။
ကျယ်ကျယ်လောင်လောင် Human Right အခွင့်အရေးတွေ တောင်းကြတယ်၊ လူ့အ
ခွင့်အရေးဆိုပြီး တောင်းကြတယ်။ သို့သော် Human Dignity ဆိုတဲ့ လူ့ရဲ့ဂုဏ်သိက္ခာ
ကိုတော့ ထိမ်းသိမ်းဖို့ မေ့လျော့နေကြတယ်။ ဒါကြောင့်မို့ Human Right နဲ့ Human
Dignity ဟာ ဘယ်ဟာက ပိုအရေးကြီးတာလဲဆိုရင် Human Dignity ကအရေးတယ်။
မိမိတို့ရဲ့ ဂုဏ်သိက္ခာဟာ အင်မတန်မှ အရေးကြီးတယ်။ မိမိတို့ရဲ့ဂုဏ်သိက္ခာကို ထိန်း
သိမ်းစောင့်ရှောက်ခြင်းအားဖြင့် သီတဂူဗုဒ္ဓတက္ကသိုလ်များရဲ့ ဂုဏ်သိက္ခာကိုလဲ ထိမ်း
သိမ်းစောင့်ရှောက်ပြီးသား ဖြစ်တယ်။ အရေးအကြီးဆုံးက ဒီတက္ကသိုလ်ကို လာရောက်
သင်ယူကြပြီဆိုတဲ့အခါမှာ နံပါတ်တစ် အရေးအကြီးဆုံးက Right မဟုတ်ဘူး...။Dignity
 ပဲဖြစ်တယ်။ မိမိတို့ ဂုဏ်သိက္ခာကို မိမိတို့ထိမ်းသိမ်း၊ ထိမ်းသိမ်းခြင်းအားဖြင့် သီတဂူ
ဗုဒ္ဓတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းပြီးသား ဖြစ်တယ်။
                တဆက်တည်းမှာပဲ မြတ်စွာဘုရားရဲ့ တပည့်သာဝက၊ သာဝိကာများဖြစ်
သည့်အားလျော်စွာ သာသနာတော်မြတ်ကြီးရဲ့ ဂုဏ်သိက္ခာကိုလဲ ထိမ်းသိမ်းပြီးသား
ဖြစ်တယ် ။ အဲ့ဒီလို Dignity ပြည့်ဝလို့ရှိရင် Right ဆိုတာကို ဦးစားပေး တောင်းဆိုခြင်း
မပြု ဘဲ Dignity ကိုအလေးထားကြဖို့၊ ဒီနေ့ ခေတ်ကမ္ဘာမှာ ထစ်ခနဲရှိ Human Right
ဆိုပြီး Right ကိုပဲတောင်းဆိုနေကြတယ်။ သို့သော် မိမိတို့ လုပ်ရမယ့် Human Dignity
ကိုကျတော့ မေ့လျော့ နေကြတယ်။ ဒါကြောင့်မို့ Dignity ကို မမေ့လျော့ဖို့ တက္ကသိုလ်
က ချ မှတ်ထားတဲ့ စည်းမျ ဉ်း စည်းကမ်းတွေတိုင်း လိုက်နာကျ င့် သုံးပြီး အချိ န် ပြည့်
ပညာသင်ကြားကြဖို့၊ ဘယ်အရာပဲဖြစ်ဖြစ် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့အတိုင်းပဲ။
ဘာအလုပ်ပဲဖြစ်ဖြစ် လုံ့လ၀ီရိယဟာ အရေးကြီးဆုံးပဲဆိုတာ၊ ဣဒ္ဓိပါဒလို့ဆိုတဲ့ ကိုယ်
လုပ်တဲ့လုပ်ငန်းတစ်ခု အောင်မြင်ဖို့ရာအတွက်လူတွေမှာ ရှိရမယ့် အရည်အချ င်း လေး
ရပ်ကို အမြဲတမ်းသတိထားပြီးတော့ မိမိတို့လိုအပ်တဲ့ ပန်းတိုင်ခရီးကို လျှောက်လှမ်းဖို့
ဆိုတာ စိတ်ထဲမှာ အမြဲတမ်းမှတ်သားထားဖို့ လိုအပ်တယ်။ တက္ကသိုလ်ကိုလာပြီး ပညာ
သင်ကြားကြတယ်ဆိုကတည်းက ကိုယ်လိုချ င် တာဘာလဲဆိုတာ ထင်ရှားနေတယ်။ ကိုယ်လိုချ င်တာဟာ အခွင့်အရေးတွေမဟုတ်ပဲနဲ့ ပညာပဲဖြစ်တယ်။ အဲဒီပညာကိုလို
လားတဲ့ ဆန္ဒ၊ ထိုဆန္ဒရှိသည့်အားလျော်စွာ ကြီးမားတဲ့ လုံ့လ၀ီရိယ၊ ဘယ်ကိစ္စပဲဖြစ်ဖြစ်
ကြိုးစား အားထုတ်တဲ့အခါမှာ အခက်အခဲဆိုတာရှိစမြဲပဲ။ အဲဒီအခက်အခဲတွေနဲ့ ကြုံတွေ့
တဲ့အခါမှာ စိတ်ဓာတ်ခိုင်မာမှု့လို့ဆိုတဲ့ စိတ်၊ ဆန္ဒ ၀ီရိယ စိတ္တဆိုတာတွေ လုံလောက်
စွာရှိလင့်ကစား အောင်မြင်ကြီးပွားဖို့အတွက်တော့ ၀ီမံသ ဆိုတဲ့အသိဥာဏ်၊ ဆင်ခြင်တုံ
တရားက ပိုပြီးတော့ ထိပ်ဆုံးကနေပြီးလွှမ်းမိုးချု ပ်ကိုင်ထားပါတယ်။
                အားလုံး သီတဂူဗုဒ္ဓတက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားအား
လုံးအနေနဲ့ ပြင်းပြတဲ့ ဆန္ဒ၊ ကြီးမားတဲ့ လုံ့လ၀ီရိယ၊ ခိုင်မာတဲ့ စိတ်၊ အရှည်မြင်တဲ့ ၀ီမံသ
ပညာရပ်တို့ဖြင့် မိမိတို့လိုလားတဲ့ပန်းတိုင်း အရောက်ချီ တက်နိုင်ကြပါစေ၊ ဒါကို မလွဲ
မသွေ လုပ်ကြရမှာဖြစ်တယ်ဆိုတာကို စိတ်ထဲနှလုံးသားထဲမှာ မှတ်သားပြီးတော့ ဆန္ဒ
ဝီရိယ စိတ္တ ၀ီမံသတရား ရှေ့တန်းမှာထားပြီး မိမိတို့ရဲ့ အောင်မြင်မှုအတွက် Dignity ကို
အခြေခံတဲ့ ရရှိလာမယ့် Right ၊ ဒီတက္ကသိုလ်ရဲ့ စည်းမျ ဉ်း စည်းကမ်း၊ ဒါတွေကိုတေးလ
တစား လိုက်နာခြင်းအားဖြင့် မိမိတိုလိုအပ်တဲ့ ပန်းတိုင်ကို ရနိုင်တယ်။ ရလာမယ့် အကျိုးအမြတ်ဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး အရှည်တည်တံ့အောင် တို့ကြိုး
စားအားထုတ်ကြမယ်လို့ မှန်ကန်တဲ့ ရည်ရွယ်ချက် ကို ဦးတည်ပြီးတော့ ကြိုးစားအား
ထုတ်နိုင်ကြပါစေလို့ နိဂုံးချုပ်သြ၀ါဒစကားပြောကြားအပ်ပါတယ်။

                                         ဗုဒ္ဓအသံ
                                         မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်
                                         နှစ်လည်မဂ္ဂဇင်း
                                          အမှတ် ( ၅ ) မှ ပြန်လည်တင်ပြ ပူဇော်သည်။

No comments:

Post a Comment