မန္တလေးမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်
၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ကျောင်းဖွင့်ပွဲနှင့်
ကျောင်းသားသစ်လက်ခံကြိုဆိုပွဲ၌
မိန့်ကြားအပ်သော
သီတဂူအဓိပတိဆရာတော်၏
သြ၀ါဒကထာ
ဥဋ္ဌာနေန အပ္ပမာဒေန သံယမေန ဒမေနစ၊ ဒီပံ ကယိရာထမေဓာဝီ၊
ယံသြဃော နာဘိ ကီရတိ။ အားလုံးတပည့်တွေ ဓမ္မပဒမှာ ဒီစာအကုန်ဖတ်ပြီး
သားပဲ။ ဟုတ်တယ်မဟုတ်လား။ သင်လည်း သင်ထားတယ်။ လူနဲ့တစ်ထပ်တည်း
ဖြစ်အောင် အသုံးချဖို့ လိုလိမ့်မယ်။ The guidance of the life ဘ၀ရဲ့လမ်းညွှန်
ဆိုတာ အဲဒီဘုရားရဲ့ အဆုံးအမတွေပဲ။ ကြီးပွားတိုးတက်ချင်တဲ့လူတွေ တစ်ဘဝ
အတွက်ပေါ့၊ သံသရာအတွက်လဲပဲ တစ်သံသရာလုံး ဘ၀အောက်တန်းကနေ
အထက်တန်းကို တက်လှမ်းချင်တဲ့လူတွေ မြတ်ဗုဒ္ဓရဲ့ပိဋကတ်ပင်လယ်မှာ အားကိုး
စရာတွေအများကြီးပဲ၊ အများကြီးထဲက ဒီစာလုံးဟာ တစ်ဘ၀အတွက်ရော၊ သံသရာ
အတွက်ရော လုံလောက်တယ်လို့ တို့ယုံကြည်တယ်။
ဥဋ္ဌာနေန အပ္ပမာဒေန သံယမေန ဒမေနစ၊ ဒီပံကယိရာထ မေဓာဝီ ။
ဒါပေမယ့် စာလုံးက ချွင်းချက်တော့ပါတယ်။ မေဓာဝီ- ဒါလေးတော့ပါတယ်။ ယံသြဃော
နာဘိကီရတိ၊ ၁၉၆၂- ခုနှစ်တုန်းက တို့ကမ္ဘာအေးသံဃတက္ကသိုလ်ကို စတက်တယ်။
၆၁ ခုနှစ်မှာ ဓမ္မာစရိယဘွဲ့ တို့ရတယ်။ ၆၂ ခုနှစ်မှာ သံဃာ့တက္ကသိုလ်တက်တယ်။
အဲ့ဒီသံဃတက္ကသိုလ်တက်တော့ ဓမ္မဒူတကောလိပ်ပျက်ပြီးကာစ၊ ဓမ္မဒူတကောလိပ်
ဆိုတာကို ဆဋ္ဌသင်္ဂါယနာပွဲကြီးအပြီးမှာ ကမ္ဘာအေးကုန်းမြေဇမ္ဗူဒီပမှာလား၊ အပရဂေါယာန
မှာလား၊ နေရာမမှတ်မိဘူး တက္ကသိုလ်ဖွင့်တယ်၊ ဓမ္မဒူတ ကောလိပ်ဖွင့်တယ်။ စစ်ကိုင်းက
အောင်မြေဘုံစံဆရာတော်ကြီးတို့ အနီးစခန်းဆရာတော်ကြီးတို့ ခေါင်းဆောင်တယ်။
ရန်ကုန်ဘက်ကတော့ ဗားကရာတောရ ဆရာတော်ကြီးတို့ ဦးဆောင်တယ်။ မစိုးရိမ်
ဆရာတော်ကြီးတို့ သြ၀ါဒစရိယ ဖြစ်တော်မူကြတယ်။ ဆရာတော် ဦးသေဋ္ဌိလတို့
ခေါင်းဆောင် ဖြစ်တော်မူကြတယ်။ အဲဒီဓမ္မဒူတကောလိပ် ပျက်ပြီးတဲ့နောက်မှာ ဓမ္မ
ဒူတကောလိပ်ကနေပြီးတော့ စကောလားရှစ်ရလို့ အိန္ဒိယလွှတ်ထားပြီး ပညာသင်တဲ့
အထဲမှာ Ph.D ဘွဲ့ရတဲ့ ပုဂ္ဂိုလ်နှစ်ပါးရှိတယ်။ ဗာရာဏသီတက္ကသိုလ်ကနေပြီး Ph.D
ရတာ ဒေါက်တာ ရေ၀တဓမ္မ၊ အင်္ဂလန်မှာ ရွှေစည်းခုံစေတီတော်တစ်ဆူ တည်သွားတယ်။
ကျောင်းတိုက်လဲ အခိုင်အမာတည်ပစ်ခဲ့တယ်။ အခုမရှိတော့ဘူး၊ ဆရာတော်မရှိတော့ဘူး
ပြောတာ။ ကျန်ရစ်တယ် ကျောင်းတိုက်ကြီး ကောင်းကောင်း ကျန်ရစ်တယ်။ စေတီ
ကြိးတစ်ဆူလဲ အင်္ဂလန်မှာ ထင်ထင်ရှားရှား ကျန်ရစ်တယ်။ သူ ဘာယူသွားလဲတော့
မသိဘူး။ ဒါပေမဲ့ သူထားပစ်ခဲ့တယ်။ ဒေါက်တာ ဦးရေ၀တဓမ္မ၊ ဓမ္မထလာကစေတီ
တော်ကို Barmanghan Buddhist Vihara ခမ်းခမ်းနား ထားပစ်ခဲ့တယ်။ ၀ိသုဒ္ဓိမဂ်
ကျမ်းကြီးကို ဟိန္ဒူဘာသာနဲ့ ပြန်ပြီးသား ထားပစ်နိုင်ခဲ့တယ်။ ဘာယူသွားမလဲ၊
ဘာထားခဲ့မလဲ။ မင်းတို့မေးကြ အဖြေထွက်အောင်လုပ်ကြ။ ဒေါက်တာ ဦးဇာဂရ
နာလန္ဒတက္ကသိုလ်မှာ Ph.D ရပြီးတော့ အကြာကြီး ဆရာလုပ်တယ်။ အိန္ဒိယပြည်က
ကုလားဆရာခပ်များများဟာ ဆရာတော်ဦးဇာဂရရဲ့ တပည့်တွေ။ အခု သြစတီးလျား
နိုင်ငံ ဆစ်ဒနီမှာ ကျောင်းတိုက်တစ်ခု တည်းထည်းကြီး တည်ထောင်ထားတယ်။ အခု
ကျန်းမာရေး မကောင်းတော့ဘူး။ အဲဒါ အဲဒီခေတ် ၆၂ ကာလ၀န်းကျင်မှာ ဗမာနိုင်ငံမှာ
Ph.D ဘုန်းကြီးနှစ်ပါးထဲ ရှိတယ်။ ဒီကနေ့ Ph.D ဘုန်းကြီးတွေ ဘယ်လောက်ဖြစ်သွား
ပြီလဲ။ ခေတ်တစ်ခုကို ခပ်ကျဲကျဲ မင်းတို့ လှမ်းကြည့်လိုက်ကြ။ အဲးဒါ ဘုန်းတော်ကြီး
တွေ ခေတ်ပညာကို အခု အားလုံးရင်ကော့ပြီးတော့ သင်နိုင်တဲ့ခေတ်တစ်ခေတ်
ရောက်သွားပြီ။ အဲဒါ Renaissance ခေတ်ခေါ်တယ်။
Renaissance ဆိုတာ ငုတ်နေတဲ့ စနစ်တစ်ခု၊ ပညာရပ်တစ်ခုဟာ ထင်ထင်ရှားရှား
ပြန်ပေါ်လာတဲ့ ခေတ်မျိုး၊ စနစ်မျိုးကို Renaissance ခေါ်တယ်။ အခုဘုန်းကြီး Ph.D တွေ
Renaissance ဖြစ်နေပြီ။
ဘုန်းကြီးတွေ ပညာသင်ဖို့ခေတ်မှီ အခုလို အင်္ဂလိပ်စာသင်ဖို့ လမ်းစပျောက်နေတာ
လမ်းစတွေ အားလုံးပေါ်သွားပြီ။ လမ်းမမြင် ကမ်းမမြင်ပေါ့လေ… ဖြစ်နေတဲ့ ခေတ်ကြီးဟာ
ကမ်းလဲမြင်ကြရပြီ၊ လမ်းလဲမြင်ကြရပြီ။ အဲဒီကမ်းပေါ်ကို ဘယ်လိုတက်မလဲ။ အဲဒီလမ်းကို
ဘယ်လိုလျှောက်မလဲဆိုတာ တပည့်တွေ အားလုံးစဉ်းစားကြဖို့။ Ph.D အခု အလုပ်လက်မဲ့
တွေတော့ အများကြီးဖြစ်ကုန်ပြီ။ အဲဒီတော့ မင်းတို့တတွေ အလုပ်လက်မဲ့မဖြစ်ဖို့ အရေးကြီး
တယ်..။ ကမ္ဘာ့နိုင်င့တိုင်းမှာ လူပိုင်းမှာပေါ့လေ Jobless အလုပ်လက်မဲ့တွေများလာရင်
အလုပ်ရှိတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ အခွန်အထုတ်တွေ အများကြီးတက်တယ်။ တိုင်းပြည်မှာ
လူဆယ်သန်းရှိတယ် ငါးသန်းပဲ အလုပ်ရတယ်ဆိုရင် ငါးသန်းက အလုပ်မရရင် အလုပ်ရတဲ့
ငါးသန်းက အလုပ်မရတဲ့ ငါးသန်းကို ထမင်းကျွေးဖို့ ပိုအလုပ်လုပ်ရတယ်။ အဲဒီငါးသန်းပေါ်
မှာ အကောက်အခွန်တွေ ပိုကောက်ပြီးတော့မှ အလုပ်မရှိတဲ့လူကို ထမ်းကျွေးရတယ်။
အင်္ဂလိပ်တို့ အမေရိကတို့လို တိုးတက်တဲ့ တိုင်းပြည်ကြီးတွေရဲ့ စနစ်ကအဲ့ဒီလိုရှိတယ်။
အဲဒီတော့ အလုပ်လက်မဲ့ဖြစ်ရင် အလုပ်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တာဝန်ပိတယ်။ အဲဒီစနစ်မျိုးကို
မထွန်းကားတဲ့ တိုင်းပြည်မျိုးမှာကတော့ အလုပ်လက်မဲ့တွေ လေလွင့်သွားတယ်။ ထိုင်းမှာနော်
လူပိုင်းကြည့်လိုက် ငါးသန်းလောက်ရောက်သွားတယ်။ မလေးရှားမှာ ငါးသိန်းလောက်ရောက်
သွားတယ်။ လူပိုင်း၊ သံဃားတော်ပိုင်းကကော Ph.D အောင်ပြီးတော့ ဗမာပြည် ဘယ်နှစ်ပါး
အလုပ်လုပ်လဲ။ အလုပ်မရှိလို့ ဘယ်နှစ်ပါး ဘာလုပ်နေလဲ။ ပြည်ပသွားပြီး ကျောင်းထောင်ဖို့
ဘယ်နှစ်ပါးကြိုးစားနေလဲ။ ဘာလုပ်နေလဲ။ အဲဒီတော့ အားလုံးကိုပြောချင်တာက အလုပ်လုပ်
ကြရမယ်။ ခေတ်တစ်ခေတ်ကို ထွန်းထွန်းကားကားဖြစ်အောင် တည်ထောင်ကြတာဟာ လွယ်
လွယ်နဲ့တော့ မဖြစ်ဘူး။ ရေစုန်လေစုန် ရွက်ကုန်ဖွင့်ပြဲီးတော့ လှေတစ်စင်းကို ဧရာဝတီမှာ
မျှောချတာ လွယ်တယ်။ ဒါပေမယ့် မျောသွားရင် ပင်လယ်ရောက်တော့ အဲဒါ သေကြမှာ၊ ရေဆန်
လေဆန်မှာ ခြေကန်တက်ရတဲ့ စနစ်မျိုးကို တို့တတွေ အခုလုပ်ကြတာ။ အဲဒါကို အားလုံးနား
လည်ထားဖို့ ကောင်းတယ်။
ဥဋ္ဌာနေန အပ္ပမာဒေန သံယမေန ဒမေနစ- အမြဲတမ်း တက်တက်ကြွကြွ နိုးနိုးကြားကြား
ရှိနေရမယ်။ အပ္ပမာဒေန- ဆိုတာက ကိုယ်နှုတ်စိတ်ကို ထိမ်းထိမ်းသိမ်းသိမ်း ရှိနေရမယ်။ သတိ
သတိဆိုတာ Controller of the life ။ သံယမ ဆိုတာကလဲ မဖြစ်ဖြစ်အောင် လက်ရောက်နူတ်
ရောက် မကျူုးလွန်မိအောင် အားလုံး စောင့်စောင့်စည်းစည်းရှိကြမယ်။ ဒမ၊ ဒမ ဆိုတာ ဒဒွေး
နဲ့ရေးတဲ့ဒမ ဘာအနက်ထွက်လဲ မောင်ပဇင်းတွေ ပြောစမ်း ယဉ်းကျေးတာ၊ Polite speech.
Polite bodily manner. Polite bodily attityde ကိုယ်အမူအရာနူတ်အမူအရာ ဘာဖြစ်ရမလဲ
ယဉ်ကျေးရမယ်။ စာတက်ပြီး ရိုင်းနေရင် အသုံးမ၀င်ဘူးကွနော်။ ပညာတက်ပြီးရိုင်းရင် အသုံး
မ၀င်ဘူး။ အဲဒါကြောင့် တက်ကြွတဲ့စိတ်ဓတ် ရှိရမယ်။ ကိုယ်နူတ်စိတ်ကို ထိမ်းတဲ့ သတိရှိရမယ်။
နောက်ပြီးတော့ ကိုယ်နှုတ်စိတ်သုံးပါး ဘာဖြစ်လဲ…ယဉ်ကျေးရမယ်။ နူးညံ့သိမ်မွေ့ရမယ်။ ယူ
နိုက်တက်နေရှင် အစည်းအဝေးကြီးမှာ ၁၉၅၇ခုနှစ်က ထင်တယ်။ ကွန်မြူနစ်ပါတီရဲ့ အတွင်း
ရေးမူးချုပ် ဆိုဗီယက်က ခရူးရှက်က ခြေထောက်ကြီး (ဒီလိုတင်ပြီး) ဖိနပ်ချွတ်ပြီး ဖိနပ်နဲ့ရိုက်တာ
အော်…ကမ္ဘာ့အစည်းအဝေးအင်တာနေရှင်နယ် ကွန်ဖရင့်မှာ စာပွဲပေါ်ခြေထောက်တင်ပြီး ဖိနပ်နဲ့
စားပွဲရိုက်တာ။ အဲတော့ Polite အမူအရာ၊ ယဉ်ကျေးတဲ့အမူအရာက ကမ္ဘာဦးက လူရိုင်းတွေရဲ့
ပုံမျိုးဖြစ်နေတယ်။ အဲဒါမျိုးတွေ ဖျောက်ပစ်ကြ။ တက်ကြွရမယ်၊ ကိုယ်နှုတ်စိတ်သုံးပါးကို သတိ
နဲ့ စောင့်ရှောက်နိုင်ကြရမယ်။ ပြီးတော့ ကိုယ်ထိလက်ရောက်နှုတ်ဖောက်လွန်ကျူးတဲ့ ပြစ်မှုမရှိ
အောင် ထိမ်းရမယ်။ သံယမ၊ ပြီးတော့ ကိုယ်အမူအရာ နှုတ်အမူအရာ ဘာဖြစ်ရမလဲ ယဉ်ကျေး
ရမယ်။ ဥဋ္ဌာနေန အပ္ပမာဒေန သံယမေန ဒမေနစ၊ ဒီပံ ကယိရာထ မေဓာဝီ- အဲဒီ အရည်အချင်း
တွေနဲ့ပြည့်စုံမယ်စုံရင် မေဓာဝီ- ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်သည်။ ဒီပံ ကယိရာထ- ဒီပကို တည်ဆောက်
နိုင်ရမယ်။ ဒီပ-ဆိုတာဘာလဲ။ Transalation နှစ်ခုရှိတယ်။ ဒီပကို ကျွန်းလို့လဲခေါ်လို့ရတယ်။
ဒီပကို ဆီမီးတိုင်လို့လဲ ခေါ်လို့ရတယ်။ ကမ်းမမြင်တဲ့ ပင်လယ်ကျယ်ထဲမှာ သွားနေတဲ့ လှေ
သင်္ဘောတွေဟာ အကယ်၍များ မုန်တိုင်းကြောင့် သို့မဟုတ် ဒီလှိုင်းကြောင့် သင်္ဘောပျက်ခဲ့ရင်
ကျွန်းလေးတစ်ကျွန်းတွေ့ရင် ကယ်တင်ရှင်ပဲမဟုတ်လား။ အဲဒီတော့ မင်းတို့ငါတို့ရဲ့ ဘ၀ဟာ
ကမ်းမမြင်တဲ့ ပင်လယ်နဲ့တူတယ်။ ဘယ်မှာလဲ Destination ။ ကိုယ့် Destination ကို ကိုယ်မေး။
အဖြေတော်တော်ခက်လိမ့်မယ်။ ပန်းတိုင်မရှိပဲနဲ့ လမ်းသွားနေတဲ့ လူငယ်တွေ၊ ရဟန်းငယ်ရှင်ငယ်
တွေ အများကြီးပဲ။ ပန်းတိုင်တစ်ခုကို ချမှတ်ထားရမယ်။ ငါဘယ် အထိရောက်အောင်၊ ဘာဖြစ်အောင်
ဘာလုပ်မယ်။ ပုံလေးတော့ ထုတ်ထားကြပါ။ မှန်းပြီးတော့ ရမ်းပြီးတော့ အဲဒီသင်္ဘောပေါ်ပါတဲ့
လူတွေက ကျွန်းကလေးတစ်ကျွန်းတွေ့ရင် ဘာဖြစ်လဲ၊ အသက်ရှင်နိုင်တယ် မဟုတ်လား။
အားလုံး တို့ဘ၀ပင်လယ်မှာ ကူးကြခတ်ကြတာ လှိုင်းတံပိုးမိရင် သင်္ဘောပျက်တတ်တယ်။
လေမုန်တိုင်းမိရင်လဲ သင်္ဘောပျက်တက်တယ်။ ဘာကြောင့် ဘာကြောင့်။ လှိုင်းတံပိုးနဲ့ မုန်တိုင်း။
ကိလေသာမုန်တိုင်းတိုက်ရင် ဘ၀ပျက်တက်တယ်။ ကာမဂုဏ်လှိုင်းတံပိုးထဲမှာ ရောက်သွားရင်
လဲ ဘ၀ပျက်တတ်တယ်။ အဲဒါကြောင့် ခုနကပြောခဲ့တဲ့ အရည်အချင်းလေးပါးနဲ့ ဥဋ္ဌာန အပ္ပမာဒ
သံယမ ဒမ အဲဒီအရည်အချင်း လေးပါးနဲ့ ဘာလုပ်ရမလဲ။ ကျွန်းလေး ကောင်းကောင်းဆောက်
ထားရမယ်။ မုန်တိုင်းတိုက်ချင်တိုက် ဒီကျွန်းပေါ်မှာ အားလုံးအသက်ရှင်ရမယ်။ လှိုင်းတံပိုး
တိုင်ချင်တိုက် ဒီကျွန်းပေါ်မှ မင်းတို့အားလုံး အသက်ရှင်ရမယ်။
နောက်တစ်ချက်က ဒီပကို ဆီမီးတိုင်။ အမှောင်ထဲမှာ မှန်းပြီးတော့ စမ်းပြီးတော့
သွားသလိုပဲ။ မင်းတို့တတွေ သွားနေကြတာ။ ငါက ငယ်ငယ် ဓမ္မာစရိယမအောင်ခင်ကတည်းကို
က ငါ့စိတ်ကူးက International Missionary ကို ငါလုပ်နိုင်အောင် လုပ်မယ်ဆိုတာ အဲဒီကတည်း
ကရှိတယ်။ အခုလဲ ဒီတိုင်းလုပ်နေတာ။ အဲဒီတော့ ကမ်းလဲပဲ မင်းတို့မြင်လောက်ပါပြီ။ လမ်းလဲပဲ
မြင်နေပါပြီ။ ကမ်းမမြင်တဲ့ ပင်လယ်မှာ ခရီးသွားတယ်ဆိုလို့ရှိရင်တော့ ကျွန်းလေးတစ်ကျွန်းတော့
ဆောက်ထားမှ အရည်းအချင်း လေးပါးဟာ မင်းတို့ဘ၀ရဲ့ ကျွန်းကလေးပဲ။ လမ်းမမြင်တဲ့ ဒီဘ၀ခရီး
မှာ အဲဒီလေးခုသောအရည်အချင်းဟာ မင်းတို့ လမ်းကိုပြပေးမယ့် ဆီမီးတိုင်လေးပဲ။ ဘာနဲ့…ဘာနဲ့
ဘာနဲ့လဲ။ ပါဠိတော်အတိုင်းပြော။ ဥဋ္ဌာန၊ အပ္ပမာဒ၊ သံယမ၊ ဒမ ဟုတ်လား။ အဲဒီအရည်အချင်း
လေးပါးရှိရင် မင်းတို့ဘာရပြီလဲ ဆီမီးတိုင်လေးရပါပြီ၊ လမ်းမြင်လောက်ပါပြီ။ ဟုတ်လား….။
ဒါမေမယ့် Right way လား။ Wrong way လား။ ဆီမီးတိုင်ရှိတော့ ရွေးနိုင်ပြီပေါ့။ မီးမရှိ
လို့ မှောင်နေရင်တော့ မရွေးနိုင်ဘူး။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က မင်းတို့အတွက် မီးတိုင်လေးကို
ထွန်းပေးလိုက်ပါပြီ။ ကျွန်းကလေးဆောက်ဖို့နည်း စနစ်တွေ ပေးလိုက်ပြီ။ အဲဒီမီးတိုင်လေးကို
မီးမသေအောင် ထွန်းပြီးတော့ လမ်းကောင်းကောင်း ရွေးပြီးတော့လျှောက်ကြ။ အဲဒီ အရည်အချင်း
လေးပါးနဲ့ ဘ၀ပင်လယ်မှာ ကျွန်းလေးတစ်ကျွန်းဆောက်ပြီးတော့ မုန်တိုင်းကိုလဲ ကာကွယ်နိုင်ရမယ်။
ရေလှိုင်းကိုလဲ ကာကွယ်နိုင်ရမယ်။ ကာမဂုဏ်ရေလှိုင်းနဲ့ ကိလေသာမုန်တိုင်းကို ဒီအရည်းအချင်း
လေးပါးနဲ့ ကာကွယ်စောင့်ရှောက်နိုင်ကြပါစေလို့ အားလုံးကို တိုက်တွန်းပြီးတော့ တို့များရဲ့သြ၀ါဒ
နိဂုံးချုပ်ပါတယ်။
သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ
The Voice of the Buddha
ဗုဒ္ဓအသံ….
မန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်
နှစ်လည်မဂ္ဂဇင်း
အမှတ် ( ၅ )
မှ
ပြန်လည်ကူးယူ ပူဇော်သည်။
Sunday, December 6, 2015
ဘ၀ပင်လယ်၌ လောကဓံမုန်တိုင်း ကာကွယ်နည်း
Labels:
သြ၀ါဒများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment