အမျိုး ဘာသာ သာသနာနှင့် တိုင်းပြည်အာဏာ အချုပ်အချာကို ထိပါးလာတဲ့သူဟာ
ထိုတိုင်းပြည် ထိုဘာသာ ထိုသာသနာ၊ ထိုတိုင်းပြည်ရဲ့လူမျိုးအတွက်
မိတ်ဆွေဖြစ်နိုင်မလား၊ ရန်သူဖြစ်နိုင်မလား စဉ်းစားစရာလိုမည်မထင်။
ထိုသူများကို မိတ်ဆွေလို့ သတ်မှတ်မည်လား၊ (သို့မဟုတ်) ရန်သူလို့
သတ်မှတ်မည်လား၊ အမျိုး ဘာသာ သာသနာကို တကယ်ချစ်တဲ့သူများကတော့ မိတ်ဆွေလို့
သတ်မှတ်မည်မဟုတ်၊ မိတ်ဆွေမဟုတ်သူကို မိတ်ဆွေလို့သတ်မှတ်လိုက်ရင်
သတ်မှတ်သူမှာ ကောင်းကျိုးဖြစ်နိုင်မလား၊ ဆိုးကျိုးနဲ့ကြုံတွေ့နိုင်မလား
အရှည်ကြီးစဉ်းစားဖို့မလို၊ မုချ ဆိုးကျိုးနဲ့ ကြုံတွေ့ရမည်မှာ
အမှန်ပင်ဖြစ်၏။ ထိုဆိုကျိုးတွေ ပြေပျောက်အောင် မေတ္တာထိုင်ပို့လို့
ရနိုင်မည်လား (သို့မဟုတ်) ထိရောက်သည့် တုံ့ပြန်မှုပေးမှ အဆင်ပြေမည်လားဆိုရင်
ထိရောက်သည့် တုံ့ပြန်မှုပေးမှ အဆင်ပြေမှာပါ။
အတုယူစရာ အနေအားဖြင့်
ဒုဋ္ဌဂါမဏိမင်းကြီးကို ဥပမာပေးရမည်။ ဒုဋ္ဌဂါမဏိမင်းကြီးဆိုတာက
ကျည်းမိစ္ဆာဒိဋ္ဌိများကို ရှင်းလင်းပြီး သာသနာကို
ထွန်းလင်းတောက်ပစေနိုင်ခဲ့သည့် မင်းကောင်း မင်းမြတ်ပါ။ ဘာကြောင့်
ကျည်းမိစ္ဆာဒိဋ္ဌိများကို ရှင်းလင်းသုတ်သင်ခဲ့ရတာလဲဆိုရင် တစ်ခုတည်းသော အဖြေက
အမျိုး ဘာသာ သာသနာကို စော်ကားချင်တိုင်း စော်ကားခံရတဲ့ အဖြစ်ဆိုးက
လွန်မြောက်ဖို့နဲ့ ဘာသာ သာသနာကို ချီးမြှင့်မြှောက်စားချင်လို့ပဲ
ဖြစ်ပါတယ်။ ကျည်းမိစ္ဆာဒိဋ္ဌိဆိုတာ ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်ဘက် ဘာသာဖြစ်ပါတယ်။
အနုရာဓပြည်မှာ ဧဠာရကျည်းမိစ္ဆာမင်း ဘုရင်ဖြစ်တော့ ကျည်းမိစ္ဆာဒိဋ္ဌိတွေက
ဗုဒ္ဓဘာသာများရဲ့ အထွဋ်အထိပ်ကိုးကွယ်ရာ စေတီ၊ ဗောဓိပင်၊ ကျောင်းဇရပ်များ
ဖျက်ဆီးမီးရှို့ပစ်လို့ ဗုဒ္ဓသာသနာတော်ဟာ အရောင်မထွက်နိုင်ဘဲ
ညှိုးမှိန်ခဲ့ရတာပါ။ ထိုအချိန်မှာ ထိုကျည်းမိစ္ဆာဒိဋ္ဌိများကို
ဒုဋ္ဌဂါမဏိမင်းကြီးက သုတ်သင်ရှင်းလင်းခြင်းမပြုဘဲ မေတ္တာထိုင်ပို့လို့
ဖြစ်နိုင်-မဖြစ်နိုင် ဦးနှောက်ရှိပါလျှင် စဉ်းစားလို့ရမည်ဖြစ်၏။
သို့တည်းမဟုတ် ငါကောင်းစားလျှင် ပြီးတာပဲဆို၍ မျက်နှာတစ်ဖက်လွှဲနေခဲ့လျှင်
ယနေ့အချိန်လောက် ဆိုပါလျှင် သီဟိုဠ်မှာ သာသနာကွယ်လောက်မည်ဖြစ်၏။
ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ မှန်ကန်သည့် လုပ်ရပ်ကြောင့် ယခုအချိန်ထိ သီဟိုဠ်မှာ
သာသနာမြင်တွေ့ခွင့်၊ ကျောင်းကန် ဇရပ် စေတီပုထိုး ဗောဓိပင်များ
မြင်တွေ့ခွင့် ဖူးမျှော်ခွင့် ရနေကြသည်မဟုတ်ပါလော။ ပြောချင်တာက ဘာသာ သာသနာ
လူမျိုးအတွက် ကြမ်းရသည့် အခါရှိသလို၊ နူးညံ့ရသည့်အခါမျိုးလည်း
ရှိခဲ့တယ်ဆိုတဲ့အချက်ပါ။ ကြမ်းရမည့်နေရာ ပျော့ညံ့နေပါမူ၊ နူးညံ့ရမည့်နေရာ
ကြမ်းခဲ့ပါမူ နေရာမကျနိုင်ပေ။ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ကျည်းမိစ္ဆာဒိဋ္ဌိများကို
နှိမ်နှင်း သုတ်သင်ရှင်းလင်းခဲ့ပြီး သာသနာကို နေလို လလို
ထွန်းလင်းတောက်ပနိုင်အောင် စွမ်းဆောင် သာသနာပြုနိုင်ခဲ့တဲ့ လုပ်ရပ်ဟာ ယနေ့
ဗုဒ္ဓသာသနာအတွက် အဖိုးမဖြတ်နိုင်သော စွမ်းဆောင်ရည်ပင် ဖြစ်ပါတယ်။
ယနေ့ဗုဒ္ဓဘာသာဝင်များအတွက် အတုယူဖွယ်ရာ လုပ်ဆောင်ချက်ပင်ဖြစ်၏။ ဝစီကံပင်မက
ကာယကံမြောက် သုတ်သင်ရှင်းလင်းနိုင်ခဲ့လို့ ယနေ့ထိသီဟိုဠ်မှာ
သာသနာတည်နေခြင်းပါ။ မသုတ်သင် မရှင်းလင်း၊ အညံ့ခံ၍
ထိုက်တန်သည့်တုံ့ပြန်မှုကို မပေးခဲ့ပါမူ ခေတ်အဆက်ဆက် ကျည်းမိစ္ဆာဒိဋ္ဌိတို့ရဲ့
စော်ကားချင်တိုင်းစော်ကားတာမှန်သမျှကို လည်စင်းခံရပြီး ဗုဒ္ဓသာသနာ
ပျောက်ကွယ်ဖို့ပင် ရှိတော့မည်ဖြစ်၏။ ဗုဒ္ဓသာသနာပျောက်ကွယ်ခဲ့ပါလျှင်
ဗုဒ္ဓဘာသာဝင်များလည်း မျိုးတုံးသွားတော့မှာပါ။ ဗုဒ္ဓဘာဝင်များ
မျိုးတုံးသွားပါလျှင် ဗုဒ္ဓရဲ့ အမွေအနှစ်များလည်း ကာကွယ်မည့်သူ
မရှိတော့သဖြင့် ကျန်တော့မည်မဟုတ်ပါပေ။ ဗုဒ္ဓအမွေအနှစ်တွေ
ပျောက်ကွယ်သွားပါလျှင် ဗုဒ္ဓဘာသာဝင်တို့အတွက် ရရှိမည့် ကုသိုလ်ထူးများ
မရရှိနိုင်တော့သည့် အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာတော့မှာပါ။
အမျိုးအတွက်ဆို ကာယကံ ဝစီကံ မနောကံများနှင့် အင်တိုက်အားတိုက်
ကျည်းမိစ္ဆာဒိဋ္ဌိများကို သုတ်သင်ရှင်းလင်းပြီး ဗုဒ္ဓသာသနာကို နေလို လလို
ထွန်းလင်းတောက်ပအောင် သာသနာပြုသွားခဲ့ ဒုဋ္ဌဂါမဏိမင်းကြီးကား လူပင်သေသော်လည်း
နာမည်ကတော့ ဗုဒ္ဓသာသနာသမိုင်းမှာ ယနေ့ထိ ရှိနေဆဲ၊ ရှင်သန်နေဆဲ၊
မှတ်တမ်းတင်နေဆဲပင်။ ကျည်းမိစ္ဆာဒိဋ္ဌိများကို ဝစီကံကို အသားထား၊ ကာယကံဖြင့်
သုတ်သင်ရှင်းလင်းပြီး မြတ်စွာဘုရား သာသနာတော်နှင့်
ရဟန်းသံဃာတော်များအကျိုး၊ ဗုဒ္ဓသာသနာဝင်များ အကျိုးကို စွမ်းစွမ်းတမံ
ဆောင်ရွတ်ခဲ့သော ဒုဋ္ဌဂါမဏိမင်းကြီး ယခုထိ အသက်ရှင်နေဦးမည်ဆိုပါလျှင်…။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Monday, December 7, 2015
“သမိုင်းတွင်ခဲ့သည့် ဒုဋ္ဌဂါမဏိမင်း”
Labels:
FB မှ ဓမ္မဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment