Sunday, December 6, 2015

ကြွက်သေတစ်ခုအရင်းပြု၍သူဌေးဖြစ်လာသူ

- ဗာရာဏသီမြို့တော်၌ ဗြဟ္မဒတ်မင်းကြီး
ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် စူဠသေဋ္ဌိ
အမည်ရှိသော သူဌေးကြီးဖြစ်လေသည်။သူဌေးကြီး
သည် ဗြဟ္မဒတ်မင်းအားခစားရန်အိမ်မှ ထွက်လာ
ခဲ့ရာ လမ်းတွင်ကြွက်သေတစ်ကောင်ကို တွေ့၍
နက္ခတ်ကိုတွက်ချက်ကြည့်ပြီးနောက် " ဥာဏ်
ပညာနှင့်ပြည့်စုံသူသည် ဤကြွက်သေကို အရင်း
ပြုကာ ကြီးပွားချမ်းသာနိုင်သည် "ဟုဆိုလိုက်သည်။
- ဆင်းရဲသားတစ်ယောက်သည် ထိုစကားကို
ကြားသဖြင့် ယင်းကြွက်သေကို ကောက်ယူကာ
ဈေးတွင် ကြောင်စာအဖြစ် တင်ရောင်းရာ အသပြာ
တစ်ချင်ရွေးရသည်။ ယင်းဖြင့် တင်လဲဝယ်ယူကာ
ပန်းသည်များအား တင်လဲအနည်းငယ်စီ ကျွေး၍
သောက်ရေပေးသည်။ ပန်းသည်များက ပန်းတစ်
ဆုပ်စီပြန်ပေးသဖြင့် ပန်းများကို ပြန်ရောင်းကာ
ရသည့်အသပြာဖြင့် တင်လဲများ ထပ်ဝယ်ပြန်သည်။
နောက်နေ့တွင် ပန်းခြံသို့လိုက်သွားကာပန်းသည်
များအား တင်လဲကျွေး၍ ရေတိုက်ပြန်သည်။
ပန်းသည်များကမိမိတို့ပန်းများထဲမှတစ်ဝက်စီခွဲ
ပေးခဲ့ကြသဖြင့် ယင်းပန်းများကို ရောင်းချရာ
အသပြာရှစ်ပြားရလာသည်။
- တစ်နေ့တွင်မိုးသက်လေပြင်းကျရောက်သော
ကြောင့် မင်းဥယျာဉ်ရှိ သစ်ကိုင်းများ ကျိုးကြွေကုန်
သည်။ သူသည် ကလေးများအားတင်လဲကျွေးပြီး
ယင်းသစ်ကိုင်းခြောက်တို့ကို သယ်ထုတ်၍ ဘုရင့်
အိုးတော်လုပ်အား ရောင်းချရာအသပြာတစ်ဆယ့်
ခြောက်ပြားနှင့် အိုးငါးလုံး ရလိုက်လေသည်။
စုစုပေါင်းနှစ်ဆယ့်လေးအသပြာ ပိုင်ဆိုင်လာသည်။
တစ်ဖန် ရရှိသောအိုးငါးလုံးတွင် သောက်ရေဖြည့်၍
မြက်ရိတ်သမား ငါးရာတို့အား သောက်ရေများ
ပေးဝေပြန်သည်။ မြက်ရိတ်သမားများက " အကူ
အညီလိုကပြောပါ။ ကူညီမည် " ဟုဆိုကြသည်။
- ထို့နောက်မိတ်ဆွေသစ်ထပ်ရှာရာ ဆိပ်ကမ်း
မင်းမှုထမ်းနှင့်ကုန်းလမ်းဘက်ဆိုင်ရာမင်းမှုထမ်း
တို့ကိုသိကျွမ်းခင်မင်လာသည်။တစ်နေ့တွင် ကုန်း
လမ်းဘက်ဆိုင်ရာမင်းမှုထမ်းထံမှ " မနက်ဖြန်တွင်
ဤမြို့သို့ မြင်းကုန်သည်တစ်ယောက် ရောက်၍
မြင်းငါးရာပါလာမည် " ဟုပြောသဖြင့် သူသည်
မြက်ရိတ်သမားများထံသွားကာ မြက်တစ်စီးစီ
တောင်းယူသည်။မြင်းကုန်သည်ရောက်လာသဖြင့်
မြက်အားလုံးကိုရောင်းလိုက်ရာအသပြာတစ်ထောင်
ရလာလေသည်။
- နောက်သုံးလေးရက်အကြာတွင် ဆိပ်ကမ်း
ဆိုင်ရာမင်းမှုထမ်းထံမှ " ဆိပ်ကမ်းတွင် ကုန်တင်
လှေကြီးဆိုက်ကပ်လာမည် " သိရလေသည်။
ထိုအခါသူသည်ရထားတစ်စီးနှင့်လူအချို့ကိုငှားကာ
အခြွေအရံ ပရိသတ်အဖြစ်တင်ပြီး ရထားစီး၍ကုန်
သည်ကြီးဟန်ဖြင့် ဆိပ်ကမ်းသို့ဆင်းလာခဲ့သည်။
လှေသူကြီးအားလက်ဆောင်အဖြစ် လက်စွပ်တစ်
ကွင်းကိုပေး၍ လှေပါကုန်အားလုံးကို အရောင်း
အဝယ်ပြုရန်ကတိပြုကြသည်။ထို့နောက်ဆိပ်ကမ်း
အနီး၌ကန့်လန့်ကာသုံးထပ်ကာရံ၍ ခမ်းနားစွာ
နေထိုင်လေသည်။
- ကုန်သည်လှေကြီးဆိုက်ရောက်သည့်သတင်း
ကြောင့် ဗာရာဏသီမှကုန်သည်များကုန်ဝယ်ရန်
လာကြသောအခါ လှေသူကြီးနှင့်ရောင်းဝယ်၍မရ
တော့ပေ။ကုန်များအားကြိုတင်ဝယ်ယူထားသူ
ထိုအမျိုးသားနှင့်တွေ့ရန် ကန့်လန့်ကာတစ်ထပ်စီတွင်
စောင့်ကြပ်နေသောအစောင့်အရှောက်များထံအသပြာ
တစ်ထောင်စီပေး၍ ဝင်တွေ့ကြရသည်။နောက်ဆုံး
တွင်လှေပါကုန်အာလုံးကို ရောင်းချ၍ပြီးသွားသော
အခါအသပြာနှစ်သိန်းရရှိလာလေသည်။
- ရရှိလာသောအသပြာနှစ်သိန်းအနက်တစ်သိန်း
ကို ကျေးဇူးရှင်ဖြစ်သော စူဠသေဋ္ဌိသူဌေးအားသွား
ရောက် ကန်တော့လေသည်။ သူဌေးက အကျိုးအ
ကြောင်း မေးမြန်းရာ သူဌေးကြီးပြောသည့်အတိုင်း
ကြွက်သေကိုအရင်းပြုရာမှ လေးလအတွင်းဝယ်
အသပြာနှစ်သိန်းကြွယ်ဝလာခဲ့ပုံကို ပြောပြ၏။
စူဠသေဋ္ဌိသူဌေးသည် ထိုသူ၏ကြံရည်ဖန်ရည်ကို
သဘောကျ၍ မိမိ၏သမီးပျိုနှင့်ထိမ်းမြားလက်ထပ်
ပေးလိုက်လေသည်။
-----------------------------------------------
ဇာတက၊ဧကနိပါတ်၊စူဠသေဋ္ဌိဇာတ်

No comments:

Post a Comment